စာရေးဆရာ ဆာတီဖီကိတ်က အနီကြောင်တွေ ပေးမှ ရတာလား

ဗိုလ်ချုပ်ကြီးခင်ညွန့်ကို သက်ကြီးစာရေးဆရာ ကန်တော့ပွဲ ထည့်တော့ ကန့်ကွက် ကြတယ်။ သူရေးခဲ့တာ ပုံနှိပ်ထုတ်ဝေပြီးတာ စာအုပ် ၉ အုပ်လောက် ရှိပါတယ်။

ရဲမိုး ကျပြန်တော့လည်း စာအုပ်လည်း ထုတ်တယ် တတိယအကြိမ် ပြန်ရိုက်ရအောင်အထိ ရောင်းအားကောင်းခဲ့တယ်။ မြန်မာရီဗျုး ဂျာနယ် အယ်ဒီတာချုပ် လုပ်ခဲ့ပြီး ဆောင်းပါးပေါင်း များစွာရေးခဲ့သလို တခြားကလောင်တွေနှင့် အခြားဂျာနယ်တွေမှာ စာ ကဗျာတွေ ရေးသား ခဲ့တာလည်း ရှိတယ်။(နီပိန်းကြိုက်တော့ မဟုတ်ဘူး)

စစ်သားဟောင်းတွေ မို့၊ တခြားစာရေးဆရာတွေလို ကွန်မြူနစ် မဆန်လို့ ၊ စာပေဟောပြောပွဲမှာ အစိုးရအပုတ်ချစကားတွေ ဆိုင်ဆိုင် မဆိုင်ဆိုင် မြိုင်အောင် မပြောလို့၊ စာရေးဆရာ အဖြစ် အသိအမှတ် မပြုချင်ကြတာလားဗျ။

စာရေးဆရာ ဆာတီဖီကိတ်က အနီကြောင်တွေ ပေးမှ ရတာလား ။ တခြားသူတွေ လက်ခံတဲ့ စာရေးသူတွေ က စာရေးဆရာ မဟုတ်တော့ဘူးလား။

စာပေအနုပညာကို နိုင်ငံရေးနှင့် ညစ်ညမ်းအောင် လုပ်ချင်နေကြတာလား။

ကိုယ်တွေ နိုင်ငံရေးတွေရေးနေတော့တောင် မင်းက ဘယ်တုန်းက နိုင်ငံရေးသမား ဖြစ်သွားရတာတုန်းလို့ လာမေးသေးတာ။

နိုင်ငံရေး သမား ဆာတီဖီကိတ်ရဖို့ လဘက်ရည်ဆိုင်မှာ အစိုးရမကောင်းကြောင်း ထိုင်ပြောနေရမှာလား ထောင်ကျခံပြ ရမှာလား ပင်နီဝတ် ရမှာလား ဒေါ်လာစားပြီး တိုင်းပြည်ပျက်အောင် လုပ်ဖူး မှလား

ဒီလို ပြန်မေးမှ အပေါက်ပိတ် သွားတယ်။

မသိရင် သူတို့ အသိအမှတ်ပြုမှပဲ နိုင်ငံရေးကိစ္စ ဝင်ပြောခွင့် ရှိမည့် အချိုးတွေ။

ဘာ ဒီမိုကရေစီလဲ၊ လူအုပ်စုနှင့် အနိုင်ကျင့်ဖို့ ချောင်းနေတဲ့ Mobocracy ကျောက်ရူးတွေ။


Post a Comment

Previous Post Next Post