သူရဲကောင်းရွာလေး အတွက်ဂုဏ်ယူပါတယ်

အနားက PDF အနီရွာတွေ
ပတ်လည် ရှိတယ်။

ကလေးအမှတ်(၂) PDFတပ်ရင်းက
ဝိုင်းထားတယ်။

သီတင်းကျွတ်လပြည့်နေ့က
ရှုံးကြွေးဆပ်မယ်တဲ့။

သူရဲကောင်းတို့ဇာတိမြေ
ကျောက်ပြုတ်ရွာ က မမှုပါဘူး။

ယောက်ကျားတွေအားလုံး
အသင့်အနေအထားနဲ့
ပတ်လည်ကင်းစောင့်ပေးတယ်။

တန်ဆောင်တိုင်ပွဲတော်ကိုလည်း
ရိုးရာမပျက်စည်ကားသိုက်မြှိုက်စွာကျင်းပစေပါတယ်။

ခမ်းလှမ်းလှမ်းအနီရွာက
ဆရာတော်ဟာ ကျောင်းအပေါ်ထပ်ကနေပြီး ကျောက်ပြုတ်ရွာကို
ကြည့်ကာ မျက်ရည်ကျ မိတယ် တဲ့။

သူရဲကောင်းရွာကွ…
ကြောက်ရင်ပြုတ်သွားမယ်။
မကြောက်လို့ သာသနာကို
စောင့်ရှောက်ပီး
ရိုးရာပွဲကို ထိန်းသိမ်းနိုင်တယ်။
ကျင်းပနိုင်တယ်။
ဝမ်းသာလွန်း လို့…
ကိုကိုယ်တိုင်လဲ
လခရ အတွက်အဝေးကနေပီး
အားပေး နေသလို…
အလှုငွေ ဖုန်းဘေလ် ဖြည့်ပေးခဲ့တယ်။

အခု update ပုံ တွေပါ။

မြင်ယောင်မိပါတယ်။
ယုံကြည်မိပါတယ်။

ဒီရွာက ခလေးသားစဉ်မြေးဆက်ဟာ
နောင်နှစ်အဆက်ဆက်
သာသနာအတွက်
အခုလိုဘဲ…
သတ္တိသွေး တွေ
လက်ဆင့်ကမ်းပေးနေမှာပါ။

သီတင်းကျွတ် တန်ဆောင်တိုင်
သာသနာစောင့်
သူရဲကောင်းရွာလေး အတွက်
ဂုဏ်ယူပါတယ်။

သာဓု…သာဓု…သာဓု ပါခင်ဗျာ။

Moe Aung Tin Royal

Post a Comment

Previous Post Next Post