ထားဝယ်ရေနက်ဆိပ်ကမ်းဆိုတာသာ အောင်မြင်သွားရင် မြန်မာပြည်ဟာ စင်္ကာပူစီးပွားရေးဇုံလို နိုင်ငံတကာဆိပ်ကမ်းနိုင်ငံဖြစ်လာပြီး တဟုန်ထိုး တိုးတက်သွားနိုင်တယ်။ ဒါကိုသိတဲ့ အမေရိကန်က ထားဝယ်ရေနက်ဆိပ်ကမ်းကို ပိတ်ဆို့ထားခဲ့တယ်။ သူ့နိုင်ငံသား ရာဇဝတ်သားကို ပြန်လွှတ်ပေးလိုက်တော့ ပြန်လုပ်ပါပြုပါပေါ့။
တနွယ်ငင်တံဇဉ်ပါဆိုတဲ့အတိုင်းပဲ နောက်တော်ပါ ငယ်ကျွန်နိုင်ငံအချို့ကလည်း မြန်မာအစိုးရထံ သံခင်းတမန်ခင်းလမ်းဖောက်ပြီး မျက်နှာချိုသွေးလာကြတယ်။ အဓိကကတော့ စီးပွားရေးလာလုပ်ပါရစေပေါ့။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဥပဒေနဲ့အညီဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို သဘောက်ပေါက်ကြပြီ ထင်ပါတယ်။
Post a Comment