ပညာရေးယန္တရားကို ထိခိုက်ပျက်ပြားစေလိုသည့် အကြမ်းဖက်သမားများက စာသင် ကျောင်းများအား ဖောက်ခွဲဖျက်ဆီးခြင်းများအပြင် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်း များ၏ အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိပါ အကြမ်းဖက်မှုများကျူးလွန်
နေပြည်တော်၊ နိုဝင်ဘာ- ၅
အကြမ်းဖက်အဖွဲများဖြစ်သော CRPH နှင့် NUG တိုသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲကို ဖွဲစည်း၍ အချိုသောဒေသ များတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အပြစ်မဲ့ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ နေအိမ်များအား မီးရှိဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းတိုကို လုပ်ဆောင် လျက်ရှိသည်။ လက်ရှိအချိန်တွင် ပညာသင်ကြားရမည့် ကျောင်းသား၊ ကျောင်းသူများ ၏ စာသင်နှစ် နစ်နာမှုမရှိစေရန်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းအပေါ် ထိခိုက်ပျက်စီးစေလိုသော အကြမ်းဖက်သမားများက အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာများ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ခြင်းများ အပြင် လုပ်ကြံသတ်ဖြတ်သည် အထိပါ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လျက်ရှိ ကြသည်။
https://www.cincds.gov.mm/node/15201
Post a Comment