ကဘူးလ်ဆေးရုံတွင် အကြမ်းဖက်တိုက်ခိုက်မှု ကုလသမဂ္ဂ ပြင်းထန်စွာရှုတ်ချပြစ်တင်

ကဘူးလ်ဆေးရုံတွင် အကြမ်းဖက်တိုက်ခိုက်မှု ကုလသမဂ္ဂ ပြင်းထန်စွာရှုတ်ချပြစ်တင်

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၄

နိုဝင်ဘာ ၂ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ ဆာဒါ မိုဟာမက်ဒါအူ့ဒ်ခန် ဆေးရုံတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြင်းထန်စွာပြစ်တင်ရှုတ်ချလိုက်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
 
ယင်းအကြမ်းဖက်တိုက်ခိုက်မှုကို ခိုရာဆန်ပြည်နယ်ရှိ IS အဖွဲ့က ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတို့၏ မိသားစုများအား အထူးစိတ်မကောင်းစွာဖြင့် ကိုယ်ချင်းစာနာကြောင်း၊ ဒဏ်ရာရရှိသူတို့သည်လည်း အမြန်ဆုံးသက်သာပျောက်ကင်းစေရန် ဆုတောင်းပါကြောင်းကိုလည်း ယင်းသတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ၂၅ ဦးထက်မနည်းသေဆုံးပြီး၊ တာလီဘန်စစ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးအပါအဝင် ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကိုးကား
UN Security Council condemns terrorist attack in Kabul

Post a Comment

Previous Post Next Post