မြန်မာပလာဇာဖြစ်ရပ်ကြောင့် ဆိုင်ပိတ်မယ်ဆိုတဲ့ ကုမ္ပဏီလုပ်ငန်းရှင်တွေအတွက်တော့ စိတ်မကောင်းစရာပဲ။ မြန်မာပလာဇာဆိုတာ မြေနေရာငှားရမ်းထားတဲ့ ဗီယက်နမ်ပိုင် ကုမ္ပဏီတစ်ခုက စီမံခန့်ခွဲလုပ်ကိုင်နေတာ။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခုထက်မပိုဘူး။ ဒါကြီးပိတ်ပြီးထွက်သွားလဲ လုပ်ချင်လို့တန်းစီနေတာ အများကြီးပဲ။ ဈေးပေါပေါနဲ့ရထားတဲ့မြေနေရာမှာ မြန်မြန်ထွက်လေကောင်းလေပဲလို့တောင်ပြောရမယ်။ ဒီပိတ်မယ်ဆိုတဲ့လုပ်ငန်းနဲ့ ကုမ္မဏီတွေတစ်စုတစည်းထဲ စစ်တပ်က တွေ့ရှိခြင်းဟာ အကြမ်းဖက် NUG နဲ့ PDF သောင်းကျန်းသူအဖွဲ့အစည်းတွေနဲ့ ဘက်တူတဲ့ အနေအထားကိုပြတယ်
ဒီတော့ ဒီလုပ်ငန်းနဲ့ကုမ္မဏီတွေကနေ အကြမ်းဖက် NUG နဲ့ PDF သောင်းကျန်းသူတွေကို ဘယ်လောက်ထောက်ပံ့လှူဒါန်းထားလဲဆိုတာ စစ်ဆေးဖော်ထုတ်ဖို့ ဘောင်ကျဉ်းသွားတာပေါ့ အစဆွဲထုတ်ဖို့ရသွားတာပေါ့။ ဒါကိုသေချာကိုင်တွယ်တတ်ရင် ချိတ်ပိတ်သိမ်းလိုက်ရမယ့်ကုမ္ပဏီတွေအများကြီးထွက်လာမယ်။ ဘဏ်အကောင့်တွေထွက်လာမယ်။ ဖမ်းဆီးခံရမယ့် လူတွေထွက်လာဦးမယ်။
#kk
Post a Comment