အစ္စရေးလို ပြတ်သားဖို့ တောင်းဆိုပါတယ်
===============================
- အာဆီယံ၏ (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက်
ထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေး
တွေကို အောက်တိုဘာလ ၂၆ ရက်ကနေ ၂၈ ရက်ထိ
၃ ရက်ကြာကျင်းပခဲ့ပါတယ်။
- အဲ့ဒီ့အစည်းအဝေးတွေမှာ
* လုပ်ငန်းဆောင်ရွက်မှုစီမံချက် ၁ စောင်၊
* အာဆီယံသဘာပတိထုတ်ပြန်ချက် ၁၀ စောင်၊
* ခေါင်းဆောင်များထုတ်ပြန်ချက် ၅ စောင်၊
* ခေါင်းဆောင် များကြေညာချက် ၃ စောင်၊
* ထုတ်ပြန်ချက်နှင့် ပူးတွဲထုတ်ပြန်ချက် ၁၀ စောင်၊
* ကြေညာချက် ၄ စောင်နှင့်
* လုပ်ငန်းမူဘောင် ၂ စောင် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်တွေထဲက
အာဆီယံသဘာပတိထုတ်ပြန်ချက် ၇ စောင်မှာတော့ မြန်မာ နိုင်ငံနှင့်ပတ်သက်ပြီး သီးခြားဖော်ပြခဲ့ပါတယ်။
ဖော်ပြချက်တွေထဲမှာ -
မြန်မာဟာ ASEAN မိသားစုဝင်အဖြစ် ဆက်လက်အသိအမှတ်ပြုမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေး
လှတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက်
နိုင်ငံရေးလုပ်ပိုင်ခွင့်တွေနဲ့ အချိန်တစ်ခုလိုအပ်တယ်
ဆိုတာ ASEAN က အသိအမှတ်ပြုတယ်။
ဒါ့အပြင် ပြည်တွင်းနိုင်ငံရေးကိစ္စတွေကြောင့် ASEAN
အသိုက်အဝန်းထူထောင်တာကို မထိခိုက်စေသင့်ဘူး၊
နောက်ပြီး မြန်မာ့နိုင်ငံရေးပုံမှန်အခြေအနေပြန်ရောက်
အောင် ဆက်လက်အားပေးထောက်ပံ့သွားမှာဖြစ်တယ်
လို့ ဖော်ပြထားပါတယ်။
=====
အစည်းအဝေးမှာ ဆွေးနွေးခဲ့တာတွေနဲ့ သဘောထား ထုတ်ပြန်ချက်တွေကို ခြုံငုံကြည့် မယ်ဆိုရင် -
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ကိစ္စတွေဟာ အကြမ်းဖက်
အဖွဲ့ဖြစ်တဲ့ PDF NUG ၊ CRPH အပြင် ဒီလိုအဖွဲ့တွေကို
ထောက်ပံ့နေတဲ့ ပြည်ပအင်အားစု အဖွဲ့အစည်း အချို့ရဲ့ အားပေးအားမြှောက်ပြုမှုတွေကြောင့်ဆိုတာကို ဖုံးထားတာတွေ့ရပါတယ်။
နောက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာ
နိုင်ငံနဲ့ပတ်သက်တဲ့ သဘော ထားထုတ်ပြန်ချက်တွေ
ကိုလည်း လျစ်လျူရှုတဲ့သဘော သက်ရောက်နေပြန်
ပါတယ်။
ဒီသဘောထားထုတ်ပြန်ချက်တချို့ကို
နစကက ဘက်က သူတို့ရဲ့ လုပ်ငန်းစဉ် ၅ ရပ်နဲ့ ချိန်ညှိပြီး
လိုက်လျောခွင့်ပြုပေးထားပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ မဟုတ်ဘူး
ဘယ်နိုင်ငံမဆို သူတို့နိုင်ငံရဲ့
- တည်ငြိမ်အေးချမ်းရေး၊
- အကျိုးစီးပွား၊
- အချုပ်အခြာအာဏာနဲ့ အခွင့်အရေးကို
ထိပါးလာမယ်ဆိုရင်တော့ လက်သင့်ခံမှာ မဟုတ်တဲ့
အတွက် ASEAN အနေနဲ့ မြန်မာနိုင်ငံအရေးကိုင်တွယ်
ဖြေရှင်းတဲ့အခါမှာ ဒီထက်ပို အာရုံစိုက်ပြီး တိတိကျကျ
ဆောင်ရွက်ဖို့လိုမယ်လို့ ယူဆပါတယ်။
အစ္စရေးလို ကျနော်တို့နိုင်ငံ ပြတ်သားဖို့လိုတယ်။
Post a Comment