တနင်္သာရီတိုင်းဝန်ကြီးချုပ်(ဟောင်း) ဦးမြင့်မောင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရ

……………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ ၁၁ (People Media) 

ယနေ့မွန်းလွဲပိုင်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်(ဟောင်း) ဦးမြင့်မောင်သည် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရကြောင်း သိရပါတယ်။ 

ဝန်ကြီးချုပ်ဟောင်းသည် ပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် နှစ်နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၀၉ အရ ထောင်ဒဏ် (၇) နှစ်၊ သဘာဝဘေးဥပဒေပုဒ်မ-၂၅ အရ ထောင်ဒဏ် နှစ်နှစ်ဖြစ်ပြီး စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။ 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဒေါ်နန်းခင်ထွေးမြင့်သည် ထောင်ဒဏ် (၇၅) နှစ်နှင့် ကရင်ပြည်နယ် စည်ပင်ဝန်ကြီး(ဟောင်း)သည် ထောင်ဒဏ် နှစ် (၉၀) ခုမှတ်ခံထားရကြောင်း သိရပါတယ်။ 

Photo - တနင်္သာရီတိုင်းအစိုးရအဖွဲ့

#PeopleMedia #တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း #ဦးမြင့်မောင်

(unicode)

Post a Comment

Previous Post Next Post