“မြန်မာအစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါဘေး ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့နဲ့ ဒုက္ခအရောက်ဆုံးပြည်သူတွေကို ပံ့ပိုး နိုင်ဖို့ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ သူတို့ရည်ရွယ်ထားတဲ့အတိုင်း ရန်ပုံငွေတွေကို သုံးစွဲခြင်းရှိမရှိ သေချာအောင် လေ့လာစိစစ်ခြင်းလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။” ဟု အာဏာသိမ်းပြီး ရှစ်လအကြာတွင် IMF ပြောခွင့်ရပုဂ္ဂိုလ် ဂျယ်ရီရိုက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။
ကိုဗစ်ရန်ပုံငွေ ဒေါ်လာသန်းချီဆုံးရှုံးတဲ့ မြန်မာနိုင်ငံ
…………………………………..
နိုင်ငံတကာ၊ နိုဝင်ဘာ ၅ (People Media)
မြန်မာနိုုင်ငံသည် COVID-19 တတိယလှိုင်းမှ ရုန်းထွက်နိုင်ရန် ကြိုးစားရုန်းကန်နေစဉ်အတွင်း နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့ IMF ကထောက်ပံ့သည့် ကပ်ရောဂါဘေးပြန်လည်ထူထောင်ရေးရန်ပုံငွေ ဒေါ်လာသန်းနှင့်ချီ ၍ ဆုံးရှုံးသွားပြီဖြစ်ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် ရက်ပိုင်းအလိုတွင် နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့ IMF က ကိုဗစ်ကပ်ရောဂါတိုက်ခိုက်ရေးတွင် ကူညီနိုင်ရန် ဒေါ်လာ ၃၇၂ သန်းကို နေပြည်တော်ရှိ မြန်မာအစိုးရ ထံ လွှဲပြောင်းပေးပို့ခဲ့သည်။
“မြန်မာအစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါဘေး ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့နဲ့ ဒုက္ခအရောက်ဆုံးပြည်သူတွေကို ပံ့ပိုး နိုင်ဖို့ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ သူတို့ရည်ရွယ်ထားတဲ့အတိုင်း ရန်ပုံငွေတွေကို သုံးစွဲခြင်းရှိမရှိ သေချာအောင် လေ့လာစိစစ်ခြင်းလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။” ဟု အာဏာသိမ်းပြီး ရှစ်လအကြာတွင် IMF ပြောခွင့်ရပုဂ္ဂိုလ် ဂျယ်ရီရိုက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။
ပြဿနာ၏အကြီးမားဆုံးသောအပိုင်းမှာ စစ်အစိုးရသည် ယခင်အရပ်သားအစိုးရလို ပွင့်လင်းမြင်သာမှုမရှိခြင်း ပင်ဖြစ်သည်။ IMF က ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း COVID-19 ကပ်ရောဂါဘေး ပြန်လည်ထူထောင်ရေးရန်ပုံ ငွေ စုစုပေါင်း ဒေါ်လာ ၃၅၆ သန်းထောက်ပံ့ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက မြန်မာကျပ်ငွေ သန်း ၁၀၀ (ထိုစဉ်ကငွေစျေးအရ ဒေါ်လာ ၇၂,၀၀၀ ခန့်) ကျော် သုံးစွဲတိုင်း ထိုစဉ်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သဘောတူညီခဲ့သည်။
အခြားစည်းကမ်းချက်များမှာ COVID-19 ကပ်ရောဂါဘေးဆက်စပ်သုံးစွဲငွေများနှင့် ပတ်သက်၍ သုံးလတစ်ကြိမ် အစီရင်ခံစာများကို အွန်လိုင်းတွင်ဖော်ပြသွားမည့်အပြင် မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်အစီရင်ခံစာကို လည်း ဖော်ပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စုစုပေါင်း ဒေါ်လာ ၇၃၈ သန်းရှိသော ချေးငွေနှစ်မျိုးစလုံးကို ဝင်ငွေနည်းနိုင်ငံများအတွက် IMF အစီအစဉ်အရ ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် ယင်းချေးငွေများမှာ မြန်မာနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုအသုံးစ ရိတ်များ၊ အခွန်သက်သာခွင့်နည်းလမ်းများနှင့် ဒုက္ခအရောက်ဆုံးမိသားစုဝင်များအတွက် ငွေကြေးပံ့ပိုးမှုများ မြှင့်တင်ရန် ရည်ရွယ်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
ချေးငွေသုံးပုံတစ်ပုံမှာ ကနဦးကာလ ၅.၅ နှစ်အတွင်း အတိုးတစ်ပြားတစ်ချပ်မှမပေးရဘဲ ၁၀ နှစ်အတွင်း အ ကြေ ပြန်လည်ပေးဆပ်ရမည့် Rapid Credit Facility အစီအစဉ် (ဝင်ငွေနည်းတိုင်းပြည်များကို သတ်မှတ်ချက် အနည်းငယ်ဖြင့် အလျင်အမြန်ထုတ်ချေးပေးသော ဘဏ္ဍာရေးထောက်ပံ့ကူညီမှုအစီအစဉ်) အရ ထုတ်ချေးပေး ခဲ့ခြင်းဖြစ်သည်။ ကျန်ချေးငွေများမှာ ကနဦးကာလ ၃.၂၅ နှစ်အတွင်း အတိုးတစ်ပြားတစ်ချပ်မှမပေးရဘဲ နောက်ထပ် ၅ နှစ်တွင် နောက်ဆက်တွဲဝန်ဆောင်ခများအပါအဝင် IMF ၏ အခြေခံအတိုးနှုန်းနှင့်အတူ ပြန် လည်ပေးဆပ်ရမည်ဖြစ်သည်။
သို့သော် လက်ရှိအစိုးရသစ်သည် ၎င်းတို့အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မည်သည့် ငွေကြေးသုံးစွဲမှုအစီရင် ခံစာကိုမှ ထုတ်ပြန်ခဲ့ခြင်းမရှိချေ။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နောက်ဆုံးအစီရင်ခံစာမှာ ဒေါ် အောင်ဆန်းစုကြည်ဦးစီးသော NLD ပါတီကဦးဆောင်သည့် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအ ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ COVID-19 ကန့်သတ်တားမြစ်ချက်များကို ချိုးဖောက်ခြင်း၊ လမ်းလျှောက်စ ကားပြောစက်များ တရားမဝင်တင်သွင်းခြင်းနှင့် အဂတိလိုက်စားခြင်း အမှုများနှင့် စွပ်စွဲခံရပြီး နေအိမ်အကျယ် ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်။
ယခင်အရပ်သားအစိုးရသည် လက်အိတ်များ၊ နှာခေါင်းစည်းများ၊ အကိုက်အခဲအဖျားပျောက်ဆေးများနှင့် အ ခြား ဆေးဝါးအသုံးအဆောင်များဝယ်ယူရန် IMF ရန်ပုံငွေများကို အသုံးပြုခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် စီမံကိန်းဝန်ကြီးဌာနမှ ကပ်ရောဂါနှင့်ဆက်စပ်သည့် ပထမဦးဆုံး သတင်းစာရှင်း လင်းပွဲထုတ်ပြန်ချက်တွင် နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်တွင်ထားရှိသော COVID-19 ကာကွယ်ဆေး ရန် ပုံငွေမှာ ကျပ်ငွေ ၃၀ ထရီလီယန် (ထိုစဉ်ကငွေစျေး ဒေါ်လာ ၂၂ သန်းခန့်) နှင့် ဒေါ်လာ ၁၇၈ သန်းရှိကြောင်း၊ စုစုပေါင်းဒေါ်လာ သန်း ၂၀၀ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အာဏာမသိမ်းမီ သီတင်းပတ်အနည်းငယ်အတွင်းက လက်ခံရရှိခဲ့သော ဒေါ်လာ ၁၇၁ သန်းဝန်းကျင်ရှိ ကျန်ရှိ နေသေးသော IMF ရန်ပုံငွေနှင့်ပတ်သက်၍ မည်သည့်ကြေညာချက်မှ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သက်ဆိုင်ရာဝန် ကြီးဌာနက အဆိ်ုပါကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်းမရှိချေ။
“အာဏာသိမ်းစစ်အစိုးရအနေဖြင့် နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့ IMF က မြန်မာပြည်သူလူထုအတွက် အာ ဏာမသိမ်းခင်ရက်ပိုင်းအလို ထောက်ပံ့ခဲ့သည့် COVID ကပ်ရောဂါဘေးအကူအညီ ဒေါ်လာသန်း ၃၅၀ နှင့်ပတ် သက်၍ ရှင်းပြရန်တာဝန်ရှိကြောင်း” မြန်မာနိုင်ငံဆိုင်ရာကုသမဂ္ဂအထူးသံတမန် တွမ်အင်ဒရူးက ဇူလိုင်လအ တွင်းက ပြောဆိုခဲ့သည်။
ပြည်ပနိုင်ငံမှအကူအညီများ တလွဲအသုံးပြုခြင်းနှင့်ပတ်သက်၍ မြန်မာစစ်ခေါင်းဆောင်များ မေးခွန်းအထုတ်ခံရ သည်မှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်မဟုတ်ပေ။ ဆိုင်ကလုန်းနာဂစ်ဒဏ်ခံရသည့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီခဲ့သည့်ရန်ပုံငွေများကို မြန်မာအစိုးရက သိမ်းပိုက်ခဲ့ကြပြီး အကူအညီပေးသည့်ပစ္စည်း များကိုလည်း ဒေသတွင်းစျေးများတွင် ရောင်းချခဲ့ကြကြောင်း ၂၀၀၉ ခုနှစ်တွင် ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သု တေသီများက လေ့လာသိရှိခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံတွင်း COVID-19 ကပ်ရောဂါကူးစက်မှုအခြေအနေမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ဆိုးရွားနေပါသည်။ အောက်တိုဘာလ ၁၇ ရက်နေ့အထိ လူဦးရေ ၅၃ သန်းရှိသည့် မြန် မာနိုင်ငံတွင် လူဦးရေ ၈.၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအပြည့်အဝထိုးနှံရပါသေးသည်။ စစ်အစိုးရသည် ရုရှား နှင့် တရုတ်နိုင်ငံတို့၏ အကူအညီဖြင့် ကာကွယ်ဆေးကို ပြည်တွင်း၌ပင်ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်နေ ပြီး ကာကွယ်ဆေး ၂၄ သန်းကို တရုတ်နိုင်ငံမှ ထပ်မံဝယ်ယူခဲ့ပါသည်။
ဆေးရုံများတွင် ဆရာဝန်များနှင့် ဆေးဝါးများမရှိသောကြောင့် ရောဂါကူးစက်ခံရသောလူနာအများအပြားမှာ မိမိ တို့အိမ်များတွင်ပင် ကိုယ့်ကိုယ်ကိုယ်ပြုစုစောင့်ရှောက်နေကြရသဖြင့် ရောဂါကူးစက်မှုနှုန်းမှာ တရားဝင်ကြေညာ ထားသည့်အရေအတွက်ထက် ပိုမိုများပြားသာလွန်သည်ဟု ယုံကြည်ရပါသည်။ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၉၀ ရာခိုင်နှုန်းတွင် ရောဂါကူးစက်သည့်လူနာများကိုတွေ့ရပြီး မီးသဂြိုဟ်စက်များတွင်လည်း ပြည့်နှက်နေပါသည်။
IMF ရန်ပုံငွေများ ဒေါ်လာသန်းနှင့်ချီ၍ပျောက်ဆုံးနေသော်လည်း ကာကွယ်ဆေးများထပ်မံလှူဒန်းရန် နိုင်ငံတ ကာအသိုင်းအဝိုင်းသို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံ COVID-19 ရန်ပုံငွေကို အသုံးပြုရန်လည်း နည်းလမ်းများရှာဖွေနေပါသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF သည် လက်ရှိအချိန်တွင် စစ်အစိုးရနှင့် ဆက်သွယ်မှုမပြုပေ။ ကပ်ရောဂါ အကူအညီအတွက် ရန်ပုံငွေနှစ်ဆတိုးမြှင့်ပေးရန် ဆွေးနွေးမှုများကိုလည်း စစ်အာဏာသိမ်းပြီးနောက် ရပ်တန့် ထားခဲ့ပါသည်။ မြန်မာနိုင်ငံသည် IMF ၏ Special Drawing Rights (SDRs) (အရံရန်ပုံငွေ) ရရှိရန်အခွင့်အ လမ်းကိုလည်း ပိတ်ဆို့ခံထားရပါသည်။
ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးသည့်နောက် ကမ္ဘာ့စီးပွားရေးမြှင့်တင်ရန်အတွက် IMF သည် SDR ရန်ပုံငွေဒေါ်လာ သန်း ၆၅၀ ကို ထုတ်ပေးခဲ့ပါသည်။ ယခင်မှတ်တမ်းများအရသိရသည်မှာ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကို တုံ့ပြန်ရန်အတွက် ၂၀၀၉ ခုနှစ်က SDR ရန်ပုံငွေဒေါ်လာ သန်း ၂၅၀ ထုတ်ပေးခဲ့ဖူးပါသည်။ ရန်ပုံငွေအထောက် အပံ့ရရှိသည့် နိုင်ငံများသည် အမေရိကန်ဒေါ်လာနှင့် တရုတ်ယွမ်ငွေများအပါအဝင် SDR အထောက်အပံ့များကို ငွေသားဖြင့် လဲလှယ်နိုင်ပါသည်။ အာဖဂန်နစ္စတန်၊ မြန်မာနှင့် ဗင်နီဇွဲလားနိုင်ငံ သုံးနိုင်ငံသာ IMF ၏ SDR အ ထောက်အပံ့ကို မရရှိသည့်နိုင်ငံများဖြစ်ပါသည်။
“IMF ဟာ အဖွဲ့ဝင်နိုင်ငံအများစုက အစိုးရအဖြစ်အသိအမှတ်ပြုတဲ့ နိုင်ငံတွေနဲ့သာ ဆက်သွယ်ဆောင်ရွက်ပါ တယ်။ ဒါပေမဲ့ အစိုးရတွေနဲ့ ဘယ်လိုအချိန်မှာ မဆက်သွယ်ဘူးဆိုတာ ဆုံးဖြတ်ဖို့အတွက် IMF မှာ တိကျတဲ့ နည်းလမ်းမရှိပါဘူး။ ဒီဆုံးဖြတ်ချက်မျိုးချမှတ်ဖို့အတွက်ကတေ့ နိုင်ငံတကာအသိုင်းအဝိုင်းပေါ်မှာပဲ မူတည်နေ ပါတယ်။” ဟု ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် တာဝန်ခံမှုရှာဖွေနေသည့် အကျိုးအမြတ်မယူသည့်အဖွဲ့ အစည်းဖြစ်သော Recourse အဖွဲ့မှ IMF အထူးကျွမ်းကျင်သူ ဆာဂွန်နစ်ဆန်းကပြောသည်။
မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်အစိုးရကို တရားဝင်အသိအမှတ်ပြုရေးမှာ လောလောဆယ်အချိန်တွင် မဆုံးဖြတ် ရသေးသောပြဿနာဖြစ်သည်။ ဥပမာအနေဖြင့် ကုလသမဂ္ဂတွင် မည်သူ့ကို မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုမည်ဆိုသည်မှာ နိုဝင်ဘာလမတိုင်မီအထိ လိပ်ခဲတည်းလည်းအခြေနေတွင်ပင်ရှိနေသေးသည်။ တစ်ချိန်တည်းတွင် NLD အစိုးရကခန့်အပ်ခဲ့သော လက်ရှိသံအမတ်ကြီးမှာ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ဆက်လက်ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
လွန်ခဲ့သည့်အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်အဖြစ်မှ နုတ်ထွက်ခဲ့ သည့် ခရစ္စတိုင်းရှရိန်းနာဘာဂနာက သူမ၏နောက်ဆုံးအစည်းအဝေးတွင် စစ်အစိုးရကို တိုးမြှင့်တိုက်ခိုက်ခဲ့ သည်။ စစ်အာဏာသိမ်းမှုအပေါ် ကုလသမဂ္ဂ၏ အရှင်းလင်းဆုံး ပြစ်တင်ရှုတ်ချမှုအဖြစ် အာဏာစွန့်လွှတ်ပြီး ရွေးကောက်ခံအစိုးရထံ အာဏာပြန်လည်အပ်နှင်းရန် သူမက ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်အား တောင်းဆို ခဲ့သည်။ ထိုနည်းတူစွာ အာဆီယံအဖွဲ့ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လွန်ခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သည့် သုံးရက်ကြာအာဆီယံအစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုခဲ့ချေ။
အာဏာသိမ်းစစ်အစိုးရမှတစ်ဆင့် အလုပ်လုပ်မည့်အစား COVID ကပ်ရောဂါဘေးတုံ့ပြန်ဆောင်ရွက်နိုင်ရေး အာဏာသိမ်းစစ်အစိုးရမဟုတ်သော၊ နိုင်ငံရေးအရကိုယ်စားမပြုသော အဖွဲ့အစည်းအနေဖြင့် လုပ်ငန်းချောမွေ့ စွာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီဆောင်ရွက်ရန် ကုသမဂ္ဂအထူးသံတမန် အင်ဒရူးက အကြံပေးခဲ့သည်။ ၎င်း၏ပြောဆိုချက်အရ စစ်အစိုးရသည် ကပ်ရာဂါဘေး တုံ့ပြန်ဆောင်ရွက်နိုင်ရန် အစွမ်းအစမရှိသလို ရောဂါထိန်းချုပ်နိုင်ရန် လူထုယုံကြည်မှုလည်းမရှိကြောင်းသိရသည်။
ဒေသတွင်းမီဒီယာတစ်ခုဖြစ်သော DVB အသံလွှင့်ဌာန၏ လတ်တလောစစ်တမ်းကောက်ယူမှုအရ စစ်တမ်း ကောက်ယူခဲ့သူ ၅၉ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အာဏာသိမ်းစစ်အစိုးရက ဦးဆောင် ပြုလုပ်မည်ဆိုပါက ၎င်းတို့အနေနှင့် ကာကွယ်ဆေးထိုးနှံမည်မဟုတ်ဟုပြောဆိုခဲ့ကြောင်းသိရသည်။
တာဝန်ခံမှုမရှိသော ကပ်ရောဂါဘေးပြန်လည်ထူထောင်ရေးရန်ပုံငွေ ဒေါ်လာသန်းနှင့်ချီ၍ ပျောက်ဆုံးနေခြင်းနှင့် IMF ရန်ပုံငွေလမ်းကြောင်းသစ်များ ပိတ်ဆို့ထားလိုက်ခြင်းတို့နှင့်အတူ စစ်အာဏာသိမ်းမှုသည် မြန်မာ့စီးပွားရေး နှင့် မြန်မာပြည်သူလူထုအတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးတစ်ရပ်ပင်ဖြစ်သည်။ စက်တင်ဘာလတစ်လ တည်းတွင်ပင် မြန်မာကျပ်ငွေတန်ဖိုးမှာ ၆၀ ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့သည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီး ပွားရေးစီမံခန့်ခွဲမှုအမှားများအပေါ်တွင်လည်း စီးပွားရေးအကြပ်အတည်းက ထပ်တိုးရိုက်ခတ်လာကြောင်း အ မေရိကန်အရာရှိတစ်ဦးက ပြောသည်။
“ကမ္ဘာက ဆက်ပြီး အာရုံစိုက်နေစဉ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးခြင်း ပြဿနာကလည်း ထွက် ပေါ်လာနေပါပြီ။” ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပရဟိတအဖွဲ့တစ်ခုဖြစ်သည့် Save the Children က အောက်တိုဘာလ ၃ ရက်နေ့က သတ်ိပေးလိုက်သည်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ငတ်မွတ် ခေါင်းပါးသူ ၂.၈ သန်းမှ ၆.၂ သန်းအထိ တိုးမြှင့်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က တွက်ပြသည်။
အခြေအနေတွေကို ပိုမိုဆိုးရွားစေသည်မှာ မြန်မာနိုင်ငံသည် ဆိုးရွားပြင်းထန်သော ပြည်တွင်းစစ်ကြီးဆီသို့ တ ရွေ့ရွေ့ချဉ်းကပ်နေခြင်းပင်ဖြစ်ကြောင်း ရှရိန်းနာဘာဂနာက ပြောသည်။
ဝန်ခံချက် - The Diplomat စာစောင်မှ ဆောင်းပါးရှင် Anrike Visser ၏ Myanmar’s Missing Millions ကို ဆီလျော်အောင်ပြန်ဆိုပါသည်။
#PeopleMedia
(unicode)
“မြန်မာအစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါဘေး ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့နဲ့ ဒုက္ခအရောက်ဆုံးပြည်သူတွေကို ပံ့ပိုး နိုင်ဖို့ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ သူတို့ရည်ရွယ်ထားတဲ့အတိုင်း ရန်ပုံငွေတွေကို သုံးစွဲခြင်းရှိမရှိ သေချာအောင် လေ့လာစိစစ်ခြင်းလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။” ဟု အာဏာသိမ်းပြီး ရှစ်လအကြာတွင် IMF ပြောခွင့်ရပုဂ္ဂိုလ် ဂျယ်ရီရိုက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။
ကိုဗစ်ရန်ပုံငွေ ဒေါ်လာသန်းချီဆုံးရှုံးတဲ့ မြန်မာနိုင်ငံ
…………………………………..
နိုင်ငံတကာ၊ နိုဝင်ဘာ ၅ (People Media)
မြန်မာနို်ုင်ငံသည် COVID-19 တတိယလှိုင်းမှ ရုန်းထွက်နိုင်ရန် ကြိုးစားရုန်းကန်နေစဉ်အတွင်း နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့ IMF ကထောက်ပံ့သည့် ကပ်ရောဂါဘေးပြန်လည်ထူထောင်ရေးရန်ပုံငွေ ဒေါ်လာသန်းနှင့်ချီ ၍ ဆုံးရှုံးသွားပြီဖြစ်ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုမဖြစ်ပွားခင် ရက်ပိုင်းအလိုတွင် နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့ IMF က ကိုဗစ်ကပ်ရောဂါတိုက်ခိုက်ရေးတွင် ကူညီနိုင်ရန် ဒေါ်လာ ၃၇၂ သန်းကို နေပြည်တော်ရှိ မြန်မာအစိုးရ ထံ လွှဲပြောင်းပေးပို့ခဲ့သည်။
“မြန်မာအစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါဘေး ထိန်းချုပ်ကိုင်တွယ်နိုင်ဖို့နဲ့ ဒုက္ခအရောက်ဆုံးပြည်သူတွေကို ပံ့ပိုး နိုင်ဖို့ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ သူတို့ရည်ရွယ်ထားတဲ့အတိုင်း ရန်ပုံငွေတွေကို သုံးစွဲခြင်းရှိမရှိ သေချာအောင် လေ့လာစိစစ်ခြင်းလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။” ဟု အာဏာသိမ်းပြီး ရှစ်လအကြာတွင် IMF ပြောခွင့်ရပုဂ္ဂိုလ် ဂျယ်ရီရိုက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။
ပြဿနာ၏အကြီးမားဆုံးသောအပိုင်းမှာ စစ်အစိုးရသည် ယခင်အရပ်သားအစိုးရလို ပွင့်လင်းမြင်သာမှုမရှိခြင်း ပင်ဖြစ်သည်။ IMF က ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း COVID-19 ကပ်ရောဂါဘေး ပြန်လည်ထူထောင်ရေးရန်ပုံ ငွေ စုစုပေါင်း ဒေါ်လာ ၃၅၆ သန်းထောက်ပံ့ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက မြန်မာကျပ်ငွေ သန်း ၁၀၀ (ထိုစဉ်ကငွေစျေးအရ ဒေါ်လာ ၇၂,၀၀၀ ခန့်) ကျော် သုံးစွဲတိုင်း ထိုစဉ်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သဘောတူညီခဲ့သည်။
အခြားစည်းကမ်းချက်များမှာ COVID-19 ကပ်ရောဂါဘေးဆက်စပ်သုံးစွဲငွေများနှင့် ပတ်သက်၍ သုံးလတစ်ကြိမ် အစီရင်ခံစာများကို အွန်လိုင်းတွင်ဖော်ပြသွားမည့်အပြင် မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်အစီရင်ခံစာကို လည်း ဖော်ပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စုစုပေါင်း ဒေါ်လာ ၇၃၈ သန်းရှိသော ချေးငွေနှှစ်မျိုးစလုံးကို ဝင်ငွေနည်းနိုင်ငံများအတွက် IMF အစီအစဉ်အရ ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် ယင်းချေးငွေများမှာ မြန်မာနိုင်ငံတွင်း ကျန်းမာရေးစောင့်ရှောက်မှုအသုံးစ ရိတ်များ၊ အခွန်သက်သာခွင့်နည်းလမ်းများနှင့် ဒုက္ခအရောက်ဆုံးမိသားစုဝင်များအတွက် ငွေကြေးပံ့ပိုးမှုများ မြှင့်တင်ရန် ရည်ရွယ်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
ချေးငွေသုံးပုံတစ်ပုံမှာ ကနဦးကာလ ၅.၅ နှစ်အတွင်း အတိုးတစ်ပြားတစ်ချပ်မှမပေးရဘဲ ၁၀ နှစ်အတွင်း အ ကြေ ပြန်လည်ပေးဆပ်ရမည့် Rapid Credit Facility အစီအစဉ် (ဝင်ငွေနည်းတိုင်းပြည်များကို သတ်မှတ်ချက် အနည်းငယ်ဖြင့် အလျင်အမြန်ထုတ်ချေးပေးသော ဘဏ္ဍာရေးထောက်ပ့ံကူညီမှုအစီအစဉ်) အရ ထုတ်ချေးပေး ခဲ့ခြင်းဖြစ်သည်။ ကျန်ချေးငွေများမှာ ကနဦးကာလ ၃.၂၅ နှစ်အတွင်း အတိုးတစ်ပြားတစ်ချပ်မှမပေးရဘဲ နောက်ထပ် ၅ နှစ်တွင် နောက်ဆက်တွဲဝန်ဆောင်ခများအပါအဝင် IMF ၏ အခြေခံအတိုးနှုန်းနှင့်အတူ ပြန် လည်ပေးဆပ်ရမည်ဖြစ်သည်။
သို့သော် လက်ရှိအစိုးရသစ်သည် ၎င်းတို့အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မည်သည့် ငွေကြေးသုံးစွဲမှုအစီရင် ခံစာကိုမှ ထုတ်ပြန်ခဲ့ခြင်းမရှိချေ။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နောက်ဆုံးအစီရင်ခံစာမှာ ဒေါ် အောင်ဆန်းစုကြည်ဦးစီးသော NLD ပါတီကဦးဆောင်သည့် အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအ ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ COVID-19 ကန့်သတ်တားမြစ်ချက်များကို ချိုးဖောက်ခြင်း၊ လမ်းလျှောက်စ ကားပြောစက်များ တရားမဝင်တင်သွင်းခြင်းနှင့် အဂတိလိုက်စားခြင်း အမှုများနှင့် စွပ်စွဲခံရပြီး နေအိမ်အကျယ် ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည်။
ယခင်အရပ်သားအစိုးရသည် လက်အိတ်များ၊ နှာခေါင်းစည်းများ၊ အကိုက်အခဲအဖျားပျောက်ဆေးများနှင့် အ ခြား ဆေးဝါးအသုံးအဆောင်များဝယ်ယူရန် IMF ရန်ပုံငွေများကို အသုံးပြုခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် စီမံကိန်းဝန်ကြီးဌာနမှ ကပ်ရောဂါနှင့်ဆက်စပ်သည့် ပထမဦးဆုံး သတင်းစာရှင်း လင်းပွဲထုတ်ပြန်ချက်တွင် နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်တွင်ထားရှိသော COVID-19 ကာကွယ်ဆေး ရန် ပုံငွေမှာ ကျပ်ငွေ ၃၀ ထရီလီယန် (ထိုစဉ်ကငွေစျေး ဒေါ်လာ ၂၂ သန်းခန့်) နှင့် ဒေါ်လာ ၁၇၈ သန်းရှိကြောင်း၊ စုစုပေါင်းဒေါ်လာ သန်း ၂၀၀ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
အာဏာမသိမ်းမီ သီတင်းပတ်အနည်းငယ်အတွင်းက လက်ခံရရှိခဲ့သော ဒေါ်လာ ၁၇၁ သန်းဝန်းကျင်ရှိ ကျန်ရှိ နေသေးသော IMF ရန်ပုံငွေနှင့်ပတ်သက်၍ မည်သည့်ကြေညာချက်မှ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သက်ဆိုင်ရာဝန် ကြီးဌာနက အဆိ်ုပါကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်းမရှိချေ။
“အာဏာသိမ်းစစ်အစိုးရအနေဖြင့် နိုင်ငံတကာငွေ ကြေးရန်ပုံငွေအဖွဲ့ IMF က မြန်မာပြည်သူလူထုအတွက် အာ ဏာမသိမ်းခင်ရက်ပိုင်းအလို ထောက်ပံ့ခဲ့သည့် COVID ကပ်ရောဂါဘေးအကူအညီ ဒေါ်လာသန်း ၃၅၀ နှင့်ပတ် သက်၍ ရှင်းပြရန်တာဝန်ရှိကြောင်း” မြန်မာနိုင်ငံဆိုင်ရာကုသမဂ္ဂအထူးသံတမန် တွမ်အင်ဒရူးက ဇူလိုင်လအ တွင်းက ပြောဆိုခဲ့သည်။
ပြည်ပနိုင်ငံမှအကူအညီများ တလွဲအသုံးပြုခြင်းနှင့်ပတ်သက်၍ မြန်မာစစ်ခေါင်းဆောင်များ မေးခွန်းအထုတ်ခံရ သည်မှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ်မဟုတ်ပေ။ ဆိုင်ကလုန်းနာဂစ်ဒဏ်ခံရသည့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ကူညီခဲ့သည့်ရန်ပုံငွေများကို မြန်မာအစိုးရက သိမ်းပိုက်ခဲ့ကြပြီး အကူအညီပေးသည့်ပစ္စည်း များကိုလည်း ဒေသတွင်းစျေးများတွင် ရောင်းချခဲ့ကြကြောင်း ၂၀၀၉ ခုနှစ်တွင် ဂျွန်ဟော့ကင်းတက္ကသိုလ်မှ သု တေသီများက လေ့လာသိရှိခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံတွင်း COVID-19 ကပ်ရောဂါကူးစက်မှုအခြေအနေမှာလည်း ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင်ဆိုးရွားနေပါသည်။ အောက်တိုဘာလ ၁၇ ရက်နေ့အထိ လူဦးရေ ၅၃ သန်းရှိသည့် မြန် မာနိုင်ငံတွင် လူဦးရေ ၈.၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအပြည့်အဝထိုးနှံရပါသေးသည်။ စစ်အစိုးရသည် ရုရှား နှင့် တရုတ်နိုင်ငံတို့၏ အကူအညီဖြင့် ကာကွယ်ဆေးကို ပြည်တွင်း၌ပင်ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်နေ ပြီး ကာကွယ်ဆေး ၂၄ သန်းကို တရုတ်နိုင်ငံမှ ထပ်မံဝယ်ယူခဲ့ပါသည်။
ဆေးရုံများတွင် ဆရာဝန်များနှင့် ဆေးဝါးများမရှိသောကြောင့် ရောဂါကူးစက်ခံရသောလူနာအများအပြားမှာ မိမိ တို့အိမ်များတွင်ပင် ကိုယ့်ကိုယ်ကိုယ်ပြုစုစောင့်ရှောက်နေကြရသဖြင့် ရောဂါကူးစက်မှုနှုန်းမှာ တရားဝင်ကြေညာ ထားသည့်အရေအတွက်ထက် ပိုမိုများပြားသာလွန်သည်ဟု ယုံကြည်ရပါသည်။ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၉၀ ရာခိုင်နှုန်းတွင် ရောဂါကူးစက်သည့်လူနာများကိုတွေ့ရပြီး မီးသဂြိုဟ်စက်များတွင်လည်း ပြည့်နှက်နေပါသည်။
IMF ရန်ပုံငွေများ ဒေါ်လာသန်းနှင့်ချီ၍ပျောက်ဆုံးနေသော်လည်း ကာကွယ်ဆေးများထပ်မံလှူဒန်းရန် နိုင်ငံတ ကာအသိုင်းအဝိုင်းသို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေတ္တာရပ်ခံခဲ့ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံ COVID-19 ရန်ပုံငွေကို အသုံးပြုရန်လည်း နည်းလမ်းများရှာဖွေနေပါသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF သည် လက်ရှိအချိန်တွင် စစ်အစိုးရနှင့် ဆက်သွယ်မှုမပြုပေ။ ကပ်ရောဂါ အကူအညီအတွက် ရန်ပုံငွေနှစ်ဆတိုးမြှင့်ပေးရန် ဆွေးနွေးမှုများကိုလည်း စစ်အာဏာသိမ်းပြီးနောက် ရပ်တန့် ထားခဲ့ပါသည်။ မြန်မာနိုင်ငံသည် IMF ၏ Special Drawing Rights (SDRs) (အရံရန်ပုံငွေ) ရရှိရန်အခွင့်အ လမ်းကိုလည်း ပိတ်ဆို့ခံထားရပါသည်။
ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးသည့်နောက် ကမ္ဘာ့စီးပွားရေးမြှင့်တင်ရန်အတွက် IMF သည် SDR ရန်ပုံငွေဒေါ်လာ သန်း ၆၅၀ ကို ထုတ်ပေးခဲ့ပါသည်။ ယခင်မှတ်တမ်းများအရသိရသည်မှာ ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကို တုံ့ပြန်ရန်အတွက် ၂၀၀၉ ခုနှစ်က SDR ရန်ပုံငွေဒေါ်လာ သန်း ၂၅၀ ထုတ်ပေးခဲ့ဖူးပါသည်။ ရန်ပုံငွေအထောက် အပံ့ရရှိသည့် နိုင်ငံများသည် အမေရိကန်ဒေါ်လာနှင့် တရုတ်ယွမ်ငွေများအပါအဝင် SDR အထောက်အပံ့များကို ငွေသားဖြင့် လဲလှယ်နိုင်ပါသည်။ အာဖဂန်နစ္စတန်၊ မြန်မာနှင့် ဗင်နီဇွဲလားနိုင်ငံ သုံးနိုင်ငံသာ IMF ၏ SDR အ ထောက်အပံ့ကို မရရှိသည့်နိုင်ငံများဖြစ်ပါသည်။
“IMF ဟာ အဖွဲ့ဝင်နိုင်ငံအများစုက အစိုးရအဖြစ်အသိအမှတ်ပြုတဲ့ နိုင်ငံတွေနဲ့သာ ဆက်သွယ်ဆောင်ရွက်ပါ တယ်။ ဒါပေမဲ့ အစိုးရတွေနဲ့ ဘယ်လိုအချိန်မှာ မဆက်သွယ်ဘူးဆိုတာ ဆုံးဖြတ်ဖို့အတွက် IMF မှာ တိကျတဲ့ နည်းလမ်းမရှိပါဘူး။ ဒီဆုံးဖြတ်ချက်မျိုးချမှတ်ဖို့အတွက်ကတေ့ နိုင်ငံတကာအသိုင်းအဝိုင်းပေါ်မှာပဲ မူတည်နေ ပါတယ်။” ဟု ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် တာဝန်ခံမှုရှာဖွေနေသည့် အကျိုးအမြတ်မယူသည့်အဖွဲ့ အစည်းဖြစ်သော Recourse အဖွဲ့မှ IMF အထူးကျွမ်းကျင်သူ ဆာဂွန်နစ်ဆန်းကပြောသည်။
မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်အစိုးရကို တရားဝင်အသိအမှတ်ပြုရေးမှာ လောလောဆယ်အချိန်တွင် မဆုံးဖြတ် ရသေးသောပြဿနာဖြစ်သည်။ ဥပမာအနေဖြင့် ကုလသမဂ္ဂတွင် မည်သူ့ကို မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုမည်ဆိုသည်မှာ နိုဝင်ဘာလမတိုင်မီအထိ လိပ်ခဲတည်းလည်းအခြေနေတွင်ပင်ရှိနေသေးသည်။ တစ်ချိန်တည်းတွင် NLD အစိုးရကခန့်အပ်ခဲ့သော လက်ရှိသံအမတ်ကြီးမှာ စစ်အာဏာသိမ်းမှုကို လူသိရှင်ကြား ဆက်လက်ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
လွန်ခဲ့သည့်အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်အဖြစ်မှ နုတ်ထွက်ခဲ့ သည့် ခရစ္စတိုင်းရှရိန်းနာဘာဂနာက သူမ၏နောက်ဆုံးအစည်းအဝေးတွင် စစ်အစိုးရကို တိုးမြှင့်တိုက်ခိုက်ခဲ့ သည်။ စစ်အာဏာသိမ်းမှုအပေါ် ကုလသမဂ္ဂ၏ အရှင်းလင်းဆုံး ပြစ်တင်ရှုတ်ချမှုအဖြစ် အာဏာစွန့်လွှတ်ပြီး ရွေးကောက်ခံအစိုးရထံ အာဏာပြန်လည်အပ်နှင်းရန် သူမက ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်အား တောင်းဆို ခဲ့သည်။ ထိုနည်းတူစွာ အာဆီယံအဖွဲ့ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လွန်ခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သည့် သုံးရက်ကြာအာဆီယံအစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုခဲ့ချေ။
အာဏာသိမ်းစစ်အစိုးရမှတစ်ဆင့် အလုပ်လုပ်မည့်အစား COVID ကပ်ရောဂါဘေးတုံ့ပြန်ဆောင်ရွက်နိုင်ရေး အာဏာသိမ်းစစ်အစိုးရမဟုတ်သော၊ နိုင်ငံရေးအရကိုယ်စားမပြုသော အဖွဲ့အစည်းအနေဖြင့် လုပ်ငန်းချောမွေ့ စွာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီဆောင်ရွက်ရန် ကုသမဂ္ဂအထူးသံတမန် အင်ဒရူးက အကြံပေးခဲ့သည်။ ၎င်း၏ပြောဆိုချက်အရ စစ်အစိုးရသည် ကပ်ရာဂါဘေး တုံ့ပြန်ဆောင်ရွက်နိုင်ရန် အစွမ်းအစမရှိသလို ရောဂါထိန်းချုပ်နိုင်ရန် လူထုယုံကြည်မှုလည်းမရှိကြောင်းသိရသည်။
ဒေသတွင်းမီဒီယာတစ်ခုဖြစ်သော DVB အသံလွှင့်ဌာန၏ လတ်တလောစစ်တမ်းကောက်ယူမှုအရ စစ်တမ်း ကောက်ယူခဲ့သူ ၅၉ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အာဏာသိမ်းစစ်အစိုးရက ဦးဆောင် ပြုလုပ်မည်ဆိုပါက ၎င်းတို့အနေနှင့် ကာကွယ်ဆေးထိုးနှံမည်မဟုတ်ဟုပြောဆိုခဲ့ကြောင်းသိရသည်။
တာဝန်ခံမှုမရှိသော ကပ်ရောဂါဘေးပြန်လည်ထူထောင်ရေးရန်ပုံငွေ ဒေါ်လာသန်းနှင့်ချီ၍ ပျောက်ဆုံးနေခြင်းနှင့် IMF ရန်ပုံငွေလမ်းကြောင်းသစ်များ ပိတ်ဆို့ထားလိုက်ခြင်းတို့နှင့်အတူ စစ်အာဏာသိမ်းမှုသည် မြန်မာ့စီးပွားရေး နှင့် မြန်မာပြည်သူလူထုအတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးတစ်ရပ်ပင်ဖြစ်သည်။ စက်တင်ဘာလတစ်လ တည်းတွင်ပင် မြန်မာကျပ်ငွေတန်ဖိုးမှာ ၆၀ ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့သည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီး ပွားရေးစီမံခန့်ခွဲမှုအမှားများအပေါ်တွင်လည်း စီးပွားရေးအကြပ်အတည်းက ထပ်တိုးရိုက်ခတ်လာကြောင်း အ မေရိကန်အရာရှိတစ်ဦးက ပြောသည်။
“ကမ္ဘာက ဆက်ပြီး အာရုံစိုက်နေစဉ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးခြင်း ပြဿနာကလည်း ထွက် ပေါ်လာနေပါပြီ။” ဟု လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပရဟိတအဖွဲ့တစ်ခုဖြစ်သည့် Save the Children က အောက်တိုဘာလ ၃ ရက်နေ့က သတိ်ပေးလိုက်သည်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတွင် ငတ်မွတ် ခေါင်းပါးသူ ၂.၈ သန်းမှ ၆.၂ သန်းအထိ တိုးမြှင့်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က တွက်ပြသည်။

Post a Comment