ဒီနိုင်ငံကို ဖျက်ဆီးဖို့ နောက်ဆုံးခံတပ်ဖြစ်သည့်
တပ်မတော်ကို ဖျက်ဆီးတယ်။ ဘယ်လောက်ထိ
ဖျက်ဆီးသလဲဆို ဘက်ပေါင်းစုံက ဖျက်ဆီးတယ်။
စီးပွားရေးမကောင်းပဲ ကာကွယ်ရေးစွမ်းရည်လဲ
မထက်မြက်နိုင်ဘူး။
တပ်မတော်တစ်ရပ် ရှင်သန်လို့မရအောင်
ပြည်သူလူထုနဲ့ ကင်းကွာအောင်လုပ်တယ်။
ထို့အတူ...
မြန်မာနိုင်ငံသည် ဗုဒ္ဓဘါသာကိုးကွယ်သူ
အများဆုံး ဖြစ်သည့်အတွက် ဘာသာ
တရားကိုပါ ဖြိုဖျက်နေတယ်ဆိုတာ
ရှင်းရှင်းလင်းလင်း မြင်ရတယ်။
တပ်မတော်ဟာ ဒီနိုင်ငံအတွက် နောက်ဆုံးခံတပ်ဆိုရင်
သံဃာတွေဟာ သာသနာအတွက် နောက်ဆုံးခံတပ်ပဲ...
ဒီနေရာမှာ ကျနော်မြင်မိတာက ၂ ယောက် ၁ ယောက်
ဖြစ်နေတယ်။
လွန်ခဲ့တဲ့ ၆ လလောက်က ကချင်ပြည်နယ်၊
ကရင်ပြည်နယ်၊ ချင်း၊ ကယားဘက် တိုက်ကွက်
စဖော်တုန်းက ဒါသည် အနောက်အုပ်စုရဲ့ ခရစ်ယာန်
အထိုင်လို့ ပြောခဲ့တယ်။
တကယ်ဆရာကျတဲ့သူတွေက ရှေ့မထွက်ဘူး
နောက်မှာပဲရှိတယ်။
ဘုန်းကြီးတွေ အသတ်ခံရတဲ့သတင်းက
တဖြည်းဖြည်းနဲ့ သာမန်လိုဖြစ်နေပြီ။
ဆွမ်းစားတဲ့အချိန်မှာ ပစ်သွားတာ ဖြစ်သည့်အတွက်
ပြောရမယ်ဆိုရင် လူသားမဆန်ဘူး။ တကယ့်ကို
ဗရမ်းဗတာ အဆင့်ပဲရှိတယ်။ ဦးနှောက်က အခန်း
လွတ်ကြီး
ဆေးသမားတွေ
Nug pdf ဟာ မြန်မာနိုင်ငံမှာ မရှိသင့်တော့တဲ့
လူသားတွေ ဖြစ်နေပြီ။
အဂ်လိပ်နှစ် ၁၀၀ အုပ်ချုပ်ခဲ့သော်လည်း
ဘာသာနဲ့ လူမျိုးကို မစိုးရိမ်ခဲ့ရဘူး။
တိတိကျကျပြောရရင် ရှေ့ထွက်နေတဲ့
ခရစ်ယာန်ကို မစိုးရိမ်ဘူး။
၅ နှစ်လောက်အုပ်ချုပ်ခဲ့တာက နိုင်ငံရော
လူမျိုး ဘာသာ ယဥ်ကျေးမှု စိတ်ဓာတ်ပိုင်း
အကုန်ဖျက်ဆီး ခံရတယ်။
ယုံကြည်မှုနဲ့ သဒ္ဒါတရားတွေ နည်းလာကြတယ်။
တော်တော်လေးကို ပြန်တည်ဆောက်ရတော့မယ်။
ကျွန်ဖြစ်တာက ပြန်လာလို့ရသေးတယ်။
ဘာသာပျောက်ရင်တော့ ပြန်လာဖို့စိတ်မကူးနဲ့...
အိန်ဒိယက တနိုင်ငံတည်း....မျက်မှောက်ကာလမှာ
၃ နိုင်ငံဖြစ်သွားပြီ။ လူမျိုးက ပါကစ်စတန်လူမျိုး၊
ဘဂ်လားလူမျိုးဖြစ်သွားပြီ။
ဒါ့ကြောင့်ပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ပြောခဲ့တာ...
စစ်ရေး အမြင်သည် ကျဥ်းမြောင်းသည့် အမြင်
ဖြစ်ပြီး ကာကွယ်ရေးအမြင်သည် အလွန်ကျယ်
ပြန့်ကာ....
နိုင်ငံတော်ကာကွယ်ရေးတွင် အမျိုးဘာသာသာသနာပါ
ပါဝင်ကြောင်း ပြောဆိုခဲ့ဖူးတယ်။
ယနေ့ အဲဒိစကားမှန်မမှန် ဖြစ်ရပ်တွေက
သက်သေခံနေပြီ။
ဗုဒ္ဓဘါသာနိုင်ငံမှာ သံဃာတွေ
ယနေ့ အသတ်ခံနေရပြီ။
ခေတ်သစ် ဘာသာရေးစစ်ပွဲစနေပြီ။
နောင်တချိန် ထိုင်းတောင်ပိုင်းတို့ ဖိလစ်ပိုင်တို့လို
ဖြစ်လာတော့မည်။
ဗုဒ္ဓဘါသာဝင်တွေဟာ သံဃာတွေ တပါးပြီး
တပါးအသတ်ခံနေရတာတောင် ခံစားချက်
မရှိသလိုဖြစ်နေပြီ။
စိတ်ပိုင်းဆိုင်ရာတွေ အတော်လေးကို ဖျက်ဆီး
ခံထားရပြီ။
မူးယစ်ဆေးနဲ့ လူငယ်တွေ ဖျက်ဆီးခံထားရပြီ။
ဝင်စတန်ချာချီပြောသလိုဆိုရင် အဂ်လန်ကြီး
အိပ်မောကျနေတယ်။
ဟစ်တလာရဲ့ ရန်ကိုမြင်လို့အကြိမ်ကြိမ် သတိတွေ
ပေးခဲ့တယ်။
ကမ္ဘာကျော်တဲ့ စကားလေးက
ကောင်းကင်မှာလဲ တိုက်မယ်။
ရေပြင်မှာလဲ တိုက်မယ်။
ဝေဟင်မှာလဲ တိုက်မယ်။
မြေပြင်မှာလဲ တိုက်မယ်။
ဘယ်လောက်ပေးဆပ်ရပေးဆပ်ရ....
ငါတို့နိုင်ငံကို ဖြစ်တဲ့နည်းနဲ့ ကာကွယ်မယ်။
သြော်....အမျိုးသာရေးနိုးကြားကြပါ....
ဒို့ မြန်မာ.....လို့ပဲ ပြောချင်မိတယ်။
မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဒီကာလတွေသည်
အရုပ်ဆိုးအကျည်းတန်ဆုံး ကာလတွေ ဖြစ်သလို
သမိုင်းကို အောင်နိုင်သူက ရေးတဲ့အခါမှာ
နှောင်းလူတွေအတွက်
အတိတ်ကလဲ သင်ခန်းစာယူစရာ
ပစ္စုပ္ပန်သည်လဲ သင်ခန်းစာယူစရာတွေချည်းပဲ...
ဘာဖြစ်လို့ သင်ခန်းစာတွေနဲ့ချည်းပဲ
ပြည့်နှက်နေသလဲ...
သင်ခန်းစာတွေကို ကိုယ်တိုင်နာကျင်ပီးမှ
ဖော်ထုတ်ဖို့ လိုသလား...
ကာကွယ်ခြင်းသည် ကုသခြင်းထက်
ပိုမိုထိရောက်တယ် ဆိုတာသိလျက်
ဘာ့ကြောင့် တိုင်းပြည်ဟာ ထိရောက်တဲ့
ကာကွယ်မှုကို မဆောက်ရွက်နိုင်သေးသလဲ...
တပ်မတော်ပြိုကွဲရင် ဒီနိုင်ငံပြိုကွဲသွားပြီဆိုတာ
မသိလေရော့သလားးး
သံဃာတွေဟာ သာသနာတော်ရဲ့ နောက်ဆုံးခံတပ်
ဆိုတာကို မသိလေရော့သလားးးး
ဘာ့ကြောင့် ဒီနိုင်ငံက ပြည်သူဟာ ဒီနိုင်ငံကို
ပြန်ဖျက်ဆီးနေသလဲ...
ခံစားချက်တွေနဲ့ ကြီးပြင်းပီး အမုန်းတွေနဲ့
ရှင်သန်နေသလဲ...
ဘာ့ကြောင့် ဒီနိုင်ငံသားတွေဟာ အသုံးချရ
အရမ်းလွယ်ကူနေသလဲ...
သူ့အမြင် ကိုယ့်အမြင်ထက် အမြင်မှန်ကို ရှာဖွေ
နေမိပြီ။
ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ်၊ ကိုယ့်အမျိုးကိုချစ်တဲ့စိတ်
ကိုယ့်ဘာသာသာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အသိစိတ်တွေ ကွယ်ပျောက်
သွားရသလဲ...
ဘာ့ကြောင့် မျိုးချစ်စိတ်တွေ ကျိူးကြေကုန်ရသလဲ...
ဆိုဗီယက်ကလဲ သမိုင်းမှာကျန်ခဲ့ပြီ။
အာဖဂန်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုကြည့်ရင်
သိနိုင်တာသည်၊
တချိန်က ဗုဒ္ဓသါသနာထွန်းကားခဲ့ရာနေရာ
ဖြစ်တယ်ဆိုသော်လည်း သမိုင်းမှာကျန်ခဲ့ပြီ။
အရွယ်ရောက်လာတဲ့အချိန်မှာ သိလိုက်ရတဲ့
ရဟန်းမစားရသော ဆွမ်းတစ်နပ်က
မြန်မာနိုင်ငံရဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်တစ်ခုပါပဲ....
#ko lay nge
Post a Comment