သမိုင်းဆိုတာဖျောက်ဖျက်လို့မရပါဘူး

NLD_ရဲ့
ဥပဒေအကြံပေး_ကိုနီလုပ်ကြံခံရလို့သေတယ်
လေဆိပ်မှာ 
အဲဒီအချိန်တုံးက NLD  ပါတီ တွင်းမှာ
တိုင်းပြည်ပျက်မတတ် ငို လိုက်ကြတာဗျာ
အတိုင်ပင်ခံပုဂ္ဂိုလ်ဦးစီးပြီးတော့ကို
တစ်ချို့ မ်ား စင်ပေါ်တောင်တက်ပြီး
ငို ပြလိုက်သေးတယ်ဗျာ 
ငို လိုက်ကြတဲ့ ဖြစ်ခြင်း သေတဲ့ နေ့ကနေစပြီးတော့ 
ရက်လည် ကိုလည်း ငို လိုက်   
လလည် ကိုလည်း ငို  လိုက်  
နှစ်လည် ကိုလည်း ငို လိုက်နဲ့  
အားလုံးသိလိုက်ကြပါတယ် ပိုမပြောပါဘူး
ကျွန်တော်က
အားလုံးသိပြီးသား ကိစ္စ ကိုပြန်ပြောပြတာပါ 

     ဟုတ်ပါပြီ ငို ကြပါ 
ငို လို့လည်းရပါတယ်လုပ်ဖေါ်ကိုင်ဖက် ဖြစ်လို့
သံယောဇဉ် တွယ်မိလို့မခွဲနိုင်မခွါရက် ဖြစ်သွားလို့
ငို မိတာပဲ နားလည်ပေးလို့ရပါတယ် ..

ဒါပေမဲ့ လည်း
မရှေးမနှောင်းမှာပဲ ကိုနီ သေပြီးလို့
သိပ်မကြာခင် လပိုင်းအတွင်းမှာပဲ
ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာ အမ်ားစုရဲ့
အားထားယုံကြည် ကိုးကွယ်နေတဲ့
ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး
ပျံလွန်တော်မူ ပါတယ်

   အဲဒီရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီးရဲ့
စ်ာပန အခမ်းအနားကို
သီတဂူဆရာတော်ကြီးက မန္တလေးတိုင်းအစိုးရအဖွဲ့ကို တာဝန်ယူဆောင်ရွက်ပေးဖို့မိန့်ကြားတော်မူတော့ 
မန္တလေးတိုင်း ဝန်ကြီးချုပ်ကချက်ချင်းဆိုသလိုပဲ
ပြန်လျှောက်တင်ပါတယ်ခင်ဗျာ ,.
မှန်ပါ့ဘုရား  တပည့်တော်တို့ အထက္ကို
တင်ပြပြီးမှပဲလုပ်ရဲပါ့မယ်ဘုရားတဲ့!!.

ဆရာတော်ကြီးကလည်း နဂိုရ် ကတည်းက
စိတ်ကခပ်မြန်မြန်သမားဆိုတော့  စိတ်ကမရှည်ဘူး 

မန္တလေးတိုင်း  တိုင်းမှူ းကို 

တိုင်းမှူ းဒီကိစ္စအစအဆုံးကို မင်းတို့စစ်တပ်က
တာဝန်ယူနိုင်မလားကွာ   မေးလိုက်တော့ 

တိုင်းမှူ းကလည်း ချက်ချင်းဆိုသပဲ ပြန်လျှောက်
တင်လိုက်ပါတယ် ခင်ဗျာ

"တင်ပါ့ဘုရား" 
ဆရာတော်ဘုရားကြီးရဲ့ ကိစ္စအဝဝကို
တပည့်တော်တို့တပ် တွင်းကပဲ အစအဆုံး
တာဝန်ယူဆောင်ရွက်ပါ့မယ်ဘုရား တဲ့.

တိုင်းမှူ းနဲ့ဝန်ကြီးချုပ် အတူတူထိုင်နေရင်းကနေ
တိုင်းမှူ းကသီတဂူဆရာတော်ကြီးကို
အဲဒီလို လက်ဦးချီပြီးတော့ပြန်ပြီးတော့လျှောက်တင် လိုက်ပါတယ်ခင်ဗျာ

ဒါပေမဲ့လည်း 
မန်းသူ / မန်းသားတွေ အပါအဝင်
မြန်မာ တစ်နိုင်ငံလုံးကလဲ မျှော်လင့်တစ်ကြီးနဲ့ပဲ
စောင့်စားနေခဲ့ကြတုန်းပါပဲ
ဆရာတော်ဘုရားကြီးရဲ့ ဈာပနကိုတာဝန်မယူပေမဲ့
ဦးစီပြီးလုပ်ကိုင်တော့ ပေးကောင်းပါရဲ့
အခမ်းအနားပွဲကိုတက်ရောက်လာကြကောင်းပါရဲ့ 
ဆိုပြီးတော့ တိုင်းသူ ပြည်သားတွေက
စောင့်မျှော်ကြတာပေါ့ ဗ်ာ 
ရွှေကျင်သာသနာပိုင် ဆိုတဲ့ဂုဏ္ပုဒ္က
နည်းတာမှမဟုတ်ပဲလေ ကမ္ဘာကတောင်မှ
အသိအမှတ်ပြုပြီးတော့ လေးစားကြည်ညိုနေတဲ့
ဆရာတော်ကြီးကိုဗျ 

ပြည်သူပြည်သားတွေရဲ့ အထင်ကတော့
ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးရဲ့
စျာပနအခမ်းအနားကို နိုင်ငံတော်သမ္မတကြီးကပဲ
ဦးစီး ဦးဆောင် ပြုပြီးပဲ လာလေမလား ?

ဒါမြ မဟုတ်ရင် လည်း 
 နိုင်ငံတော်အတိုင်ပင်ခံဆိုတဲ့ပုဂ္ဂိုလ်ကြီးကများ
ကိုယ်တိုင်ပဲ အရောက်လှမ်းလာလေမလား..

လွှတ်တော်ဥက္ကဋ္ဌ ကြီးနဲ့ ဋ္ဌာန ပေါင်းစုံက
ဝန်ကြီးချူ ပ်တွေကများ လာလေမလား
မျှော်လင့်ခဲ့ကြတာပေါ့ဗျာ
.ဒါပေမယ့် လည်း  မှန်းချက်နဲ့ နှမ်းထွက် က
မကိုက်ခဲ့ပါဘူးဗျာ  
တက်တက်စင်အောင်ကိုလွဲနေခဲ့ရပါတယ်  

"သို့သော်"
ဝမ်းနည်းစိတ်မကောင်းစွာနဲ့ ပဲ သူတို့အုပ်စုတွေ
တစ်ယောက်မှ ပေါ်မလာခဲ့ကြပါဘူး ခင်ဗျာ ..

အဲဒါကိုအသာထားပါတော့ဗျာ.
ဒါတွေက အတိတ်ကသမိုင်းတွေဖြစ်သွာပြီပေါ့.

1-1-2018 နှစ်ဆန်းတစ်ရက်နေ့ ကဖြစ်စဉ်တစ်ခုပါ  

 မြန်မာပြည်တင်မကဘူး  တစ်ကမ္ဘာလုံးက
လာရောက်ဖူးမျှော် ကြည်ညို ဦးခိုက်ပူဇော်နေတဲ့
တစ်ကမ္ဘာလုံးရဲ့ အထင်ကရ စေတီတစ်ဆူဖြစ်တော်မူ 
တဲ့ သမိုင်းဝင် ရွှေတိဂုံ စေတီတော်မြတ်ကြီး
နှစ်ပါတ်လည် နှစ်ဆန်းတစ်ရက်နေ့တိုင်း
ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော် ပြဲ
ကျင်းပပြန်တော့လည်းသူတို့တွေ က
ရောက်မလာပြန်ဘူး ဖြစ်သလို ကြုံ သလို  ပါပဲ 

ဝန်စုပ်  ဝန်ပဲ့ကပဲတာဝန်ယူပြီးတော့
နေပူလှမ်းခံရတဲ့ ဆရာတော် တစ်ပါးကို
နဝကမ္မ ဝတ္ထု ငှေ  ၅၀၀-ိ  ဆိုလား?
၅၀-ိ ဆိုလား?လြူ လိုက်ပြီးတော့
သီလရှင်တွေက တော့ ဘေးချိတ်ထားလိုက်ပါတော့
မျှော်လင့်လို့ကိုမရနိုင်လောက်တော့တာပါ
အဲဒီ အဆင့်လေးနဲ့ပဲ ပြီးသွားလိုက်ရတာပါဗျာ

ဒီလိုပွဲမျိုးကို
သာမာန်လူတွေတက်ခွင့်ရဖို့မမျှော်လင့်ရဲပါဘူး
တစ်သက်မှာ တစ်ခါ တက်ရောက်ခွင့် ရခဲလြတဲ့
ပွဲမျိုးပါပဲ
အဲဒီလိုပွဲမျိုးကိုတောင်မှ တစ်ချိူ့များဆိုရင်
တက်ရမှာကို ကြောက်လွန်းလို့ ၇၀ ကျော်မှ
ရာသီပန်းပွင့်လို့ကေသီပန်သောက်နေရလို့
လူကြားထဲကို မထွက်ရဲ သလိုလို
လေပဲဖျန်းသွားပြီး အိပ်ရာထဲမှာပဲ
ဘုန်းဘုန်းလဲနေ သလိုလို 
သူငယ်ပဲ ပြန်နေသလိုလို ဝက်ရူး ပြန်ရောဂါ ကပဲ
ဖေါက်ပြန်နှိပ်စက်နေသလိုလို တောင် မြ
အသံတွေ ကြားလိုက်ရပါသေးတယ်ဗျာ

နောက်တစ်ယောက်က
ဒေါ် စုကြည် ရဲ့ လူယုံ အိမ်ဖေါ်အကူဆိုသူရဲ့
နာရေးမှာတော့ လာလိုက်ကြတဲ့ဧည့်ပရိတ်သတ်ဗျာ 
နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်ကြီးတွေ ဆိုတာလေ 
ဘုရင် ကစလို့
အတိုင်ပင်ခံ ပုဂ္ဂိုလ် 
ဝန်ကြီး 
ဝန်လေး 
ဝန်သေးသေး 
ဝန်ပိစိကွေး
အမတ်တွေရော   အငတ်တွေရော 
အကုန်အစုံအလင်ပါပဲ  
လူမြင်လို့တောင်မှ 
မကောင်းပါဘူးဗျာ 

ဒေါ်စု က
သူ့ရဲ့ လူယုံအိမ်ဖေါ်အကူတစ်ယောက်
အဆင့်လောက်ကို တန်းဖိုးမထားဘူးဆိုတာဟာ
ဒီကိစ္စကိုကြည့်ရင်ကိုသိသာပါတယ် 
သူ့ လူယုံအိမ်ဖေါ် အကူတစ်ယောက်ရဲ့ ဈာပန နဲ့ 

ဟိုးးးး
ကျွန်တော်တို့ ပြည်သူအများစု က
အားကိုး ယုံကြည် ကိုးကွယ်ဆည်းကပ်နေတဲ့
ရွှေကျင်သာသနာပိုင် ဆရာကြီးရဲ့ ဈာပနကွာခြား
ကွဲပြားနေတာကိုသာ ကြည့်ကြည့်ပါတော့ဗျာ

နောက်ပြီးတော့ 
ရွှေတိဂုံ ဘုရား ဗုဒ္ဓါဘိသေကအနေကဇာတင်အလှူ ရဲ့
မြင်ကွင်း တွေ နဲ့ ခင်ဗျားတို့ယှဉ် ပြီးတော့သာ
ကြည့်ကြည့်လိုက် ကြ  ပါတော့ 
အခုတော့ကြည့်လို့တောင်ကောင်းကြသေးရဲ့လား
ဗ္ာ...

ကျုပ်လို
မြန်မာဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ကတော့
အတော်ကိုစိတ်မကောင်း ဖြစ်မိတယ်ဗျာ
တကယ်ကိုပဲဝမ်းနည်းပြီး စိတ်မကောင်းအဖြစ်ရဆုံး
က တော့ ကျွန်တော်တို့ရဲ့
ဗုဒ္ဓဘာသာရွှေကျင်သာသနာပိုင်
ဆရာတော်ဘုရား ကြီး ကို တောင်မှသူ့အိမ်က
လူယုံအိမ်ဖေါ်အကူလုပ်သားတစ်ယောက်လောက်
တောင် တန်ဖိုးမထားဘူးဆိုတာကိုသိလိုက်ရတော့
ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ 
ယူကြုံးမရဖြစ်ခဲ့ရပြီ ဒေါ် စု ရေ.....
ခင်ဗျား  ဘယ္လို လုပ္လိုက္တာလဲဗ်ာ.....

ကျုပ်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက ပဲ
ခင်ဗျားကို အကြီးအကဲခန့် အပ်ပြီးတော့
နေရာတွေပေး ရာထူးတွေပေး အာဏာတွေပေးအပ်
ပြီးတော့ယုံကြည် အားကိုး နေရတာကို
ခင်ဗျားမျက်နှာလွှဲ ခဲပစ် နဲ့ ကျုပ်တို့ဗုဒ္ဓဘာသာကို
ချိုးချိုး နှိမ်နှိမ်နဲ့ လုပ်ရက်လေခြင်းဗျာ.....

ကျုပ်တို့ဗုဒ္ဓဘာသာ တစ်ရပ်လုံးကို
ခင်ဗျား စော်ကားလိုက်လေခြင်းဗျာ....
ခေတ်အဆက်ဆက် ဆရာတော်ကြီးတွေရဲ့ စ်ာပနမွာ တပ်အကြီးအကဲတွေ ပူဇော်ခဲ့တာပဲတွေ့မြင်ရမှာပါ။


Post a Comment

Previous Post Next Post