ဒီဓာတ်ပုံလေးတွေကြည့်ပီး ခေါင်းထဲကို ဝင်လာတဲ့
အတွေးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ပြောဖူးတဲ့ စကားလေး ၂ ခွန်း
တပ်မတော်က နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။
အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်နေတယ်
ဆိုတဲ့ စကားလေးနဲ့အတူ တပ်မတော်သည် နိုင်ငံတော်
အတွက်ပဲ ဖြစ်စေရမည်ဆိုတဲ့ စကားလေး ၂ ခွန်းကို
ဆင်ခြင်မိတယ်။
( အမျိုးသားနိုင်ငံရေးဆိုတာ တစ်တိုင်းတပြည်လုံးနဲ့
ဆိုင်တဲ့ ကိစ္စတွေ၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့
အကျိုးစီးပွားတွေ)
မြန်မာနိုင်ငံရဲ့ သမိုင်းရေးဖြစ်ပေါ် ပြောင်းလဲ
တိုးတက်မှုများအရ
အမျိုးသားနိုင်ငံရေးလမ်းကြောင်းတွေကို
လေ့လာကြည့်တဲ့အခါမှာ
သမိုင်းစဉ်တရားနှင့်အညီ ပြောင်းလဲဖြစ်တည်
လာတာကို မြင်တွေ့ရတယ်။
( ၁ ) ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေး
တိုက်ပွဲကာလဖြစ်သော ဘီအိုင်အေ၊ ဘီဒီအေခေတ်တွင်
#လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဟူ၍ သတ်မှတ်ခံယူခဲ့သည်။
( ၂ ) ဖက်စစ်တော်လှန်ရေးကာလတွင် ဖက်ဆစ်
ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်
( ဖဆပလ) ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံ
ပါတီ ( ဆိုရှယ်လစ်ပါတီ) ၊ တပ်မတော်အပါအဝင် မျိုးချစ်အင်အားစုများအားလုံးဖြင့် တစ်ခုတည်းသော အမျိုးသားနိုင်ငံရေး တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းပြီးနောက်၊
#လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယ ဟူ၍
သတ်မှတ် ခံယူကျင့်သုံးခဲ့သည်။
လွတ်လပ်ရေးရပြီး ဖဆပလအစိုးရက နိုင်ငံတော်အာဏာကို တာဝန်ယူခဲ့တဲ့အချိန်မှာလဲ မူလအမျိုးသားနိုင်ငံရေး
လမ်းကြောင်းအတိုင်း ချမှတ်ခံယူခဲ့တယ်။
( ၃) ၁၉၅၈ ခုနှစ်တွင် အာဏာရ ဖဆပလအဖွဲ့
သန့်ရှင်းနဲ့ တည်မြဲ နှစ်ခြမ်းကွဲခဲ့ရာ၊ ယင်းအကွဲ
ဂယက်သည် တိုင်းပြည်ပျက်မည့် အန်တရာယ်
အထိ အခြေအနေဖြစ်ပေါ်လာသဖြင့် ဝန်ကြီးချုပ်
ဦးနုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို
ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဝန်ကြီးချုပ်
အဖြစ် အဆိုပြုတာဝန်ပေးပြီး၊ အိမ်စောင့်အစိုးရကို
တာဝန်လွှဲပေးခဲ့တယ်။
ယင်းအိမ်စောင့်အစိုးရသည် ထိုစဥ်ကာလ နိုင်ငံရေး
အခြေအနေနှင့် နိုင်ငံရေးအင်အားစုများ၏ သဘော
ထားကို ပေါင်းစပ်ပြီး၊
#ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် မူလပထမ၊ ဒီမိုကရေစီထွန်းကားရေးသည် ဒုတိယ၊
ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်ရေးသည်
တတိယဟူ၍ အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို
ချမှတ်ကျင့်သုံးပြီး၊
၁၉၆၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကို
ကျင်းပပေးခဲ့ကာ အနိုင်ရရှိသော ပထစ
အဖွဲ့အား ၁၉၆၀ မတ်လ ၁၆ ရက်တွင်
အာဏာလွှဲပေးခဲ့သည်။
( ၄) ပထစအစိုးရသည် #အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို ချမှတ်နိုင်ခြင်းမရှိပဲ ပါတီတွင်း
ဦး၊ ဗိုလ်နှင့် သခင်အုပ်စုတို့၏ ပဋိပက်ခများ၊
နိုင်ငံတောိဘာသာပြဌာန်းရေး ပြဿနာ၊ ပြည်နယ်
ပေးရေး၊ မပေးရေး ဆန်ဒပြပွဲများနှင့် ပဒေသရာဇ်
အာဏာကို မစွန့်လွှတ်ချင်ကြသော စော်ဘွားအချို့နှင့်
လူမျိုးရေးအစွန်းရောက် တိုင်းရင်းသားပါတီအချို့က
အရှေ့တောင်အာရှစစ်အုပ်စု ( ဆီးတိုး) နှင့် ဆက်သွယ်
ပူးပေါင်းပြီး ရှမ်းပြည်နယ် သီးခြားခွဲထွက်ရေး အကျပ်ကိုင်တောင်းဆိုမှု စသည့်ပြဿနာပေါင်း
သောင်းခြောက်ထောင်ကို ရင်ဆိုင်ဖြေရှင်းနေရသော
နိုင်ငံရေးအကျပ်အတည်းဖြင့် လွတ်လပ်ရေးဆုံးရှုံးမည့်
အလားအလာ ပြည်ထောင်စုကြီး ပြိုကွဲမည့်အခြေအနေများ ဖြစ်ပေါ်လာခဲ့သည်။
( ၅) ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ပြည်ထောင်စုကြီး
ပြိုကွဲတော့မည့် အန်တရယ်ကို တားဆီးကာကွယ်ရမည့်
အမျိုးသားရေးတာဝန်အရ တပ်မတော်က တော်လှန်ရေး
ကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာအား လွှဲပြောင်း
ရယူ၍
#နိုင်ငံတော်ကာကွယ်ရေး၊ ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေး ဟူ၍ အမျိုးသားနိုင်ငံရေးလမ်း
ကြောင်းကို ချမှတ်ကျင့်သုံးခဲ့တယ်။
( ၆) တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၇၄
ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့ဆိုရှယ်လစ်
လမ်းစဥ်ပါတီ အစိုးရသို့ ၁၉၇၄ မတ်လ ၂ ရက်နေ့တွင်
အာဏာလွှဲပေးပြီးနောက် မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်
ပါတီအစိုးရက
#နိုင်ငံတော်ကို ဆိုရှယ်လစ်လူ့ဘောင်အဖြစ် တည်ဆောက်ရေး ဟူ၍ အမျိုးသားနိုင်ငံရေး
လမ်းကြောင်းချမှတ်ကျင့်သုံးခဲ့တယ်။
( ၇) မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီအစိုးရသည်
ယင်း၏ အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို ချမှတ်
ကျင့်သုံးခဲ့သော်လည်း အထွေထွေအားနည်းချက်များနှင့်
နိုင်ငံတကာဆိုရှယ်လစ်နိုင်ငံများ၏ ပြောင်းလဲမှု၊ ဂယက်
ရိုပ်ခတ်မှုများဖြင့် နိုင်ငံတော်ကို ခေါင်းဆောင်နိုင်ခြင်း
မရှိတော့၍ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့
တွင် တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရတယ်။
တဆက်တည်းပင် တပ်မတော်အစိုးရက
#ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး
ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့
ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး လမ်းကြောင်းအဖြစ် ချမှတ်ကျင့်သုံးခဲ့တယ်။
( ၈) ၂၀၁၀ ဒီမိုကရေစီပြောင်းလဲမှုမှာ သမတကြီး
ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးကို အလေးထားဆောင်ရွက်
ခဲ့တဲ့အတွက်
ဒို့တာဝန်အရေးသုံးပါးကိုပဲ အမျိုးသားရေးလမ်းကြောင်း
အဖြစ် ဆက်လက်ကျင့်သုံးတာကို မြင်ရတယ်။
ထိုနည်းတူ စီးပွားရေးနဲ့ ဒီမိုကရေစီရှင်သန်ရေးက
ဒုတိယနဲ့ တတိယနေရာမှာရှိမယ်။
( ၉) ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပါတီဖြစ်တဲ့
Nld ပါတီအနေဖြင့် #အမျိုးသားရေးလမ်းကြောင်း
ချမှတ်ကျင့်သုံးတာ မတွေ့ရဘူး။
အမျိုးသားအကျိုးစီးပွားကို လစ်လျူရှုခဲ့တာကို
မြင်ရတယ်။
ပထမ ၃ နှစ်အတွင်း ပြင်ဆင်ပယ်ဖျက် ပြဌာန်းခဲ့သည့်
ဥပဒေတွေကို ပြန်ကြည့်ရင် မြင်နိုင်တယ်။
ပြည်တွင်းအရေးကို နိုင်ငံတကာအရေးဖြစ်အောင်
လုပ်ခဲ့တာ၊
ဗုဒ္ဓဘါသာအများစုကိုးကွယ်သည့်နိုင်ငံက
သတင်းစာမှာ ဗုဒ္ဓအဆုံးအမတွေဖြုတ်ခဲ့တာ၊
ဒေါ်မေဝင်းမြင့်ရဲ့ ဘာသာကြီးတစ်ခုထဲ ကြီးစိုး
တာကို လက်မခံဘူးဆိုတာမျိုး၊
( အခြားနိုင်ငံမှာ ဒီလိုအပြောမျိုးနဲ့တင် သေဖို့
လုံလောက်ပါတယ်။)
ဇာတိမာန်သီချင်း မဆိုဖို့ပြောဆိုတာ၊
အမျိုးသားရေးက ဒီနေ့မှာ အလုပ်မဖြစ်ဘူးဆိုကာ
မျိုးချစ်စိတ်ကို မျက်ကန်းမျိုးချစ်လို့ ပုံဖော်တာ
ဘာသာပေါင်းစုံခေါင်းစဥ်နဲ့ ရည်ရွယ်ချက်ရှိရှိ
အခြားဘာသာတစ်ခုကို တွန်းတင်တာ၊
( ၁၀) ၂၀၂၀ ရွေးကောက်ပွဲမှာ Nld ပါတီအနေဖြင့်
မဲမသာမှုကို ကျူးလွန်ခဲ့ပြီး၊ အကြိမ်ကြိမ်ဖြေရှင်း
ပေးဖို့တောင်းဆိုခဲ့သော်လည်း မဖြေရှင်းပဲ တတိယ
အကြိမ် လွှတ်တော်ခေါ်ယူဖို့ကြိုးစားကာ၊
နိုင်ငံတော်အာဏာကို မသမာသောနည်းလမ်းဖြင့်
ရယူဖို့ကြိုးစားခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာထိန်းလိုက်ပြီး၊ နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ တိုင်းပြည်
တာဝန်ကို လွှဲပြောင်းရယူခဲ့တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ
အိမ်စောင့်အစိုးရဆိုပီး ထပ်မံပြောင်းလဲခဲ့တဲ့အတွက်
လက်ရှိ အိမ်စောင့်အစိုးရရဲ့ အမျိုးသားနိုင်ငံရေး
လမ်းကြောင်းသည် မိမိအမြင်အရ
#ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး
ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့
ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပထမ
#ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် ဒုတိယ၊
#ဒီမိုကရေစီထွန်းကားရေးသည် တတိယ၊
#စီးပွားရေးစနစ် တည်ဆောက်ရေးသည် စတုတ္ထ
ဟူ၍ အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို
ချမှတ်ကျင့်သုံးနေတယ်လို့ ထင်မြင်
ယူဆမိတယ်။
လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ် ပြောဆိုဖူးတဲ့
စကားတစ်ခွန်းက
နိုင်ငံတော်ကာကွယ်ရေးမှာ အမျိုးဘာသာသာသနာပါ
ပါဝင်ကြောင်း ပြောဆိုခဲ့ဖူးသည့်အတွက် ဒီအချက်သည်လဲ အမျိုးသားနိုင်ငံရေးလမ်းကြောင်းထဲမှာ နံပါတ်စဥ်အရ မတပ်ထားပေမယ့် ပါဝင်မယ်လို့ ယူဆတယ်။
ယနေ့မြန်မာ့နိုင်ငံရေးမှာ သင်ခန်းစာယူစရာအနေဖြင့်
နိုင်ငံရဲ့ အခြေအနေ ယနေ့လိုအခြေအနေမျိုးဖြစ်ပေါ်
လာရတာသည်၊
အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို ဆန့်ကျင်
သွေဖယ်ပြီး ပြည်ပသြဇာခံထားသည့် ပါတီ
တစ်ရပ်၏ သဘောထားများ၊
လစ်ဘရယ်အတွေးအခေါ်အယူအဆ၊ ပုလ်ဂိုလ်ရေးသြဇာထူထောင်မှုစသော အစွန်းရောက်အယူအဆများ၊ အတ္တလွန်ကဲမှုတွေကြောင့် ဖြစ်ပေါ်လာတယ်လို့ ထင်မြင်ယူဆမိတယ်။
ထိုနည်းတူ
#အိမ်စောင့်အစိုးရအနေဖြင့် ဒို့တာဝန်အရေးသုံးပါးသည်
ပထမဆိုတဲ့ အမျိုးသားရေးလမ်းကြောင်းကို ပုံဖော်
နေတယ်လို့ ထင်မြင်ယူဆမိတယ်။
#အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူအများစုရဲ့ ဆန်ဒဖြစ်သည့် တည်ငြိမ်အေးချမ်းရေးသည် ဒုတိယအဆင့်
နေရာမှာရှိပြီး
#တတိယအဆင့်အနေဖြင့် ဒီမိုကရေစီထွန်းကားရေးအတွက် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမယ်။
#ပညာရှင်တွေ ထောက်ပြနေတဲ့ စီးပွားရေးက
စတုတ္ထ နေရာမှာ ရှိမယ်လို့ ယူဆမိတယ်။
( ကာလတို တာဝန်ယူထားတဲ့အချိန် ဖြစ်နေလို့)
တပ်မတော်က နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး၊
အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်နေတယ်
ဆိုတဲ့ စကားလေးနဲ့အတူ၊
တပ်မတော်သည် နိုင်ငံတော်အတွက်ပဲ
ဖြစ်စေရမည်လို့ ပြောခဲ့ဖူးတဲ့ စကားလေးကို လုပ်ဆောင်ချက်တွေကတဆင့် ဆင်ခြင်မိခြင်း
Post a Comment