"ဗုဒ္ဓဟာ အိန္ဒိယတိုက်ငယ်ရဲ့
ရာဇကုမာသာ ဖြစ်လို့
အထူး ကိုးကွယ်နေဖို့ မလိုပါဘူး" ဆိုတဲ့ စကားနဲ့
ဗုဒ္ဓဘာသာ အခြေခံ လူ့ ယဉ်ကျေးမှုကို
ပျက်သုဉ်း စေခဲ့တယ် ။
"ဆရာ ဆရာမလို့ မခေါ်နဲ့
ပညာရေး ဝန်ထမ်းလို့ ခေါ်ပါ" ဆိုတဲ့
စကားနဲ့
အာစရိယဂုဏ်ကို ပျက်ယွင်း စေခဲ့တယ် ။
"မျိုးချစ်စိတ်ဆိုတာ ခုခေတ်မှာ အလုပ်မဖြစ်ပါဘူး"
ဆိုတဲ့ စကားနဲ့
အမျိုးသားရေး စိတ်ဓာတ် ကိုယ်ခံစွမ်းအားကို
ပျက်စီးစေခဲ့တယ် ။
ယဉ်ကျေးမှု စစ်ပွဲဟာ အမာထည်
စစ်ပွဲမျိုး မဟုတ်ပေမယ့် ...
အိုင်ဒီရော်လော်ဂျီ စစ်ပွဲတွေထက်
သွေးချောင်းစီးလေ့ ရှိတယ် လို့ သမိုင်းဆရာတွေက
ပြောကြတယ် ။
ခုတော့ ကျွန်တော်တို့ ယဉ်ကျေးမှု
စစ်ပွဲ ရှုံးနိမ့်တဲ့ အရသာကို ခံစားနေရပြီ ။
မိဘကို သားသမီးက သတ်ပြီ ။
ဆရာကို တပည့်ကသတ်ပြီ ။
ရဟန်းသံဃာတော်တွေကို ဗုဒ်ဓဘာသာဝင်ဆိုသူတွေကသတ်နေကြပြီ
ဒီလို သတ်တာကို
နှစ်ထောင်းအားရ လက်ခုပ်သြဘာ ပေးကြပြီ ။
ယဉ်ကျေးမှု ပြောင်းလဲတာ
အလွန်ကြောက်စရာ ကောင်းပါတယ်။
ပြိုကွဲသွားတဲ့ ပြည်ထောင်စုကြီးတွေ
ပထမဆုံး ပြိုပျက်သွားတာ
ယဉ်ကျေးမှုပါပဲ ။
ဒီမိုကရေစီ သကာဖုံးထားတဲ့
ယဉ်ကျေးမှု စစ်ပွဲ ထဲမှာ
ဒီကနေ့
သွေးကွက်တွေ အားလုံး အကြုံးဝင် နေပါတယ် ။
ကျွန်တော်တို့ တစ်တွေ
ဗုဒ္ဓဘာသာ အခြေခံ မြန်မာ့ယဉ်ကျေးမှုကို
ပြန်ပြီး တည်ဆောက်ကြပါစို့ ဗျာ ။
Post a Comment