"တွံတေးမြို့နယ်တွင် လက်လုပ်စိန်ပြောင်းဗုံးသီးများဖမ်းမိ"


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ တူးချောင်းလေးကျေးရွာအနီးတွင် နိုဝင်ဘာ ၄ ရက်နေ့က လက်လုပ်စိန်ပြောင်းဗုံးသီးများအပါအဝင် ဖောက်ခွဲရေးပစ္စည်းများသိမ်းဆည်း ရမိကြောင်းသိရသည်။
ဖမ်းဆီးရမိတရားခံတစ်ဦး၏ ထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တွံတေးမြို့နယ်၊ တူးလေးချောင်းကျေးရွာအနီးရှိ ငါးကန်တစ်ခုအားရှာဖွေရာ ငါးကန်အတွင်းမှ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၆၀ ကျော်၊ လက်လုပ်ဗုံး ၅၀ ခန့်နှင့် လက်လုပ်စိန်ပြောင်း ၄ လက်တို့ကို တွေ့ရှိ သိမ်းဆည်းမိခဲ့ကြောင်းသိရသည်။
#kk

Post a Comment

Previous Post Next Post