တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြိုနယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲများ စဉ်ဆက်မပျက် ကျင်းပ
ရန်ကုန်၊ နိုဝင်ဘာ ၄
၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို အောက်တိုဘာလ( ၂၅)ရက်နေ့မှစတင်ပြီး နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တပ်မတော်ထောက်ခံပွဲများ အားပြုလုပ်လျှက်ရှိသည်။
နိုဝင်ဘာ( ၂)ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြိုနယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို၊ ကျုံပျော်မြို၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို၊ ချင်းပြည်နယ်၊ ပလက်ဝမြို၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြိုနယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို၊ ရွှေတောင်မြိုနှင့် ပေါင်းတည်မြိုတို၌ အသီးသီးပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။
ထိုသို ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ NUG, CRPH, PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG, CRPH, PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒိုအရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒိုအရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး ဒိုအရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး ပြည်ပဖြည့်စွက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလုပ်ငန်းစဉ်(၅) ရပ်အား ထောက်ခံပါသည်၊ ဒီမိုကရေစီ အရေခြုံကွန်မြူနစ်လုပ်ရပ်ကျဆုံးပါစေ၊ NUG, PDF အကြမ်းဖက်မှု အမြစ်ဖြတ်၊ NUG, PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG, PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ်’’ စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
Post a Comment