#အလုံးစုံပျက်သုန်းရေး
လူသတ်၊ဗုံးခွဲ၊ပစ်ပြေးတွေနဲ့
မအေးချမ်းနိုင်ဖြစ်နေရတာကို
အစိုးရအပေါ်အပြစ်တင်ချင်လည်း
တင်ကြပေါ့၊
ဒါပေမဲ့
ဒီလိုတွေဖြစ်အောင်
အချိန်၊ငွေကြေး၊နည်းပညာ၊
ဗျူဟာတွေသုံးပီး
ဘယ်သူတွေကလုပ်ခဲ့တာလဲဆိုတာ၊
လေ့လာနားလည်ဘို့လိုပါတယ်၊
ရေးခဲ့ဖူးသလို
NLD အာဏာပြန်ရဘို့လုပ်နေတာ
မဟုတ်ပါဘူး၊
တိုင်းပြည်ကိုအလုံးစုံပျက်သုန်းဘို့
လုပ်နေတာပါ၊
အစိုးရကတရားဥပဒေစိုးမိုးဘို့၊
အကြမ်းဖက်မှုတွေလျော့နည်းပပျောက်ဘို့
အဖက်ဖက်က အစွမ်းကုန်
ကြိုးစားနေတယ်ဆိုတာလည်း
နားလည်ပေးဘို့လိုပါမယ်၊
ရေးခဲ့ဖူးသလိုပဲ
ဘက်စုံစစ်ပွဲဆင်နွှဲခံနေရတဲ့တိုင်းပြည်ပါ၊
အနောက်အုပ်စုရဲ့
မကြေညာသောစစ်ပြုမှုကိုခံနေရတာပါ၊
ဒီကရှေ့မှာ
သံတမန်ရေးအပြင်
စစ်ရေးအထောက်အပံ့တွေကို
လူသားချင်းစာနာထောက်ထားမှု
အကူအညီဆိုတဲ့ခေါင်းစဉ်အောက်ကနေ
ပေးလာအုံးမှာပါ၊
ဒီအစီအစဉ်ရဲ့အကျိုးဆက်အဖြစ်
ငွေကြေး၊ဆေးဝါး၊ရိက္ခာတွေနဲ့အတူ
လက်နက်ခဲယမ်းတွေအလုံးအရင်း
လှိမ့်သွင်းပီး၊
အာဖဂန်ကတာလီဘန်တွေပုံစံမျိုး
Black Soldier Army တစ်ခုပေါ်လာဘို့နဲ့၊
EAO တွေကိုခွဲထုတ်ပံ့ပိုးပီး
စစ်ဘောင်ချဲ့ဘို့ကြိုးစားကြမှာပါ၊
တပ်မတော်ကိုမဖြိုခွဲနိုင်၊
အစိုးရပြုတ်ကျအောင်မတတ်နိုင်ပေမဲ့၊
အင်အားချည့်နဲ့သွားဘို့နဲ့၊
တိုင်းပြည်မငြိမ်းချမ်းအောင်၊
နေရာအနှံ့စစ်မြေပြင်ဖြစ်နေအောင်၊
နောက်ဆုံးမှာနိုင်ငံဖရိုဖရဲပြိုကွဲအောင်၊
ဆက်လုပ်လာမှာအသေအချာပါ၊
အစိုးရနဲ့တပ်မတော်ဟာ
ဒီအန္တရာယ်ကိုကျော်လွှားဘို့၊
ပြည်ပမဟာမိတ်နိုင်ငံတွေရဲ့
ကျောချင်းကပ်ရပ်တည်ပေးမှုကို
အရယူသလို၊
တိုင်းပြည်ရဲ့အန္တရာယ်ကို
သဘောပေါက်နားလည်တဲ့
မျိုးချစ်ပြည်သူတွေ၊
အမျိုးသားရေးဦးထိပ်ထားသူတွေ၊
စစ်သားဟောင်းတွေပါဝင်တဲ့
ပြည်တွင်းအားတွေကို
အကျိုးရှိရှိ ထိထိရောက်ရောက်
ရယူအသုံးပြုဘို့လိုပီလို့
ယူဆကြောင်းပါဗျာ။
Post a Comment