ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်၍ရုပ်ရှင်အနုပညာလုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်အောင်စီစဥ်ဆောင်ရွက်​နေ

ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်၍ရုပ်ရှင်အနုပညာလုပ်ငန်းများပြန်လည်လုပ်ကိုင်နိုင်အောင်စီစဥ်ဆောင်ရွက်​နေ

ရပ်ဆိုင်းထားသောရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်ရန်စီစဉ်နေကြောင်းသတင်းများထွက်ပေါ်လျက်ရှိပြီးမည်သည့်ရုပ်ရှင်ဇာတ်ကားများ ပြသမည်ဆိုခြင်းကိုစိတ်ဝင်စားလျက်ရှိသည်။

​အောက်တိုဘာလ က ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌  ကျင်းပခဲ့တဲ့ (၄၄) ကြိမ်​မြောက် ရုပ်ရှင်သက်ကြီးပူ​​ဇော်ပွဲ၌ လည်း ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ် ဖို့ ကိစ္စနှင့် စပ်လျဥ်း ပြီး ​ပြောကြားခဲ့ပါ​သေးသည်။ 

အဆိုပါအခမ်းအနားတွင်ပြန်ကြားရေးဝန်ကြိးဌာန
ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက
  
" ယနေ့အချိန်တွင် ရုပ်ရှင်အနုပညာလုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် အနုပညာနယ်ပယ်အသီးသီးတွင် အခက်အခဲအချို့ ကြုံတွေ့နေကြပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေစသည့် အနုပညာကဏ္ဍအသီးသီး ပြန်လည်ရှင်သန်လှုပ်ရှားနိုင်ရေးအတွက် 
တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ 
မကြာမီ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်၍ ရုပ်ရှင် အနုပညာများ ပြန်လည်လုပ်ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်နယ်ပယ်ကို စွန့်ခွာသွားကြသူများအတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ 
မိမိတို့ အားလုံး၏  အနာဂတ်ပိုမို ကောင်းမွန်စေရန်နှင့် ရုပ်ရှင်အဆင့်အတန်း မြင့်မားလာရေးအတွက် ရုပ်ရှင်အနုပညာရှင်  အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရုပ်ရှင်သက်ကြီးပညာရှင်များအားလုံး ကျန်းမာစွာဖြင့် ရုပ်ရှင်လောကအကျိုး၊ 
နိုင်ငံအကျိုးကို ပြန်လည် ဆောင်ရွက်နိုင်ရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ဖြင့်ပြောကြားခဲ့ကြောင်းသိရသည်။

Post a Comment

Previous Post Next Post