တန့်ဆည်မြို့ အထက (၂)တွင် ဗုံးပေါက်ကွဲ အမျိုးသမီးတစ်ဦးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရ
တန့်ဆည်၊ နိုဝင်ဘာ ၅
တန့်ဆည်မြို့နယ် အထက(၂)ကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာ ထွက်ကြည့်သည့် အမျိုးသမီးအား NLD, PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်တွင် NLD, PDF အကြမ်းဖက်သမားများ ကာလရှည်ကြာစွာ ဆိုးရွားသောင်းကျန်းလျက်ရှိပြီး တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၁၅ဦး၊ ပုတီးကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၆ဦး၊ အင်္ကုက္ကားကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၅ဦး အထိ အသတ်ခံခဲ့ရပြီး ၎င်းတို့အား မထောက်ခံသည့် အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။
ယခုအခါ NLD, PDF အကြမ်းဖက်သမားများသည် ကျောင်းများဖွင့်လှစ်နေသည်ကို ပစ်မှတ်ထား၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အပေါ် အစွန်းရောက်မိစ္ဆာဝါဒီ NLD, PDF အကြမ်းဖက်သမားများက အမြစ်ပြတ်ခြေမှုန်းပေးရန် ပြည်သူများက တောင်းဆိုနေကြခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
Post a Comment