ငွေတိုက်စာချုပ်ဆိုတာ အစိုးရကနေ
ဗဟိုဘဏ်ကတဆင့် ပြည်သူတွေဆီက
အတိုးနှုန်းတစ်ခုသတ်မှတ်ပြီး အာမခံချက်
အပြည့်အဝနဲ့ ငွေချေးတာပါ ..
၂ နှစ် ၊ ၅ နှစ် စသဖြင့် သက်တမ်းထားရှိပြီး
အတိုးနှုန်းသတ်မှတ်ချက်ကို ယေဘူယျအားဖြင့်
၆ လတကြိမ် ပြန်လည်ထုတ်ယူနိုင်ပြီး
သက်တမ်းပြည့်သွားချိန် အတိုး၊အရင်းအားလုံး
ပြန်လည် ထုတ်ယူရရှိနိုင်ပါတယ် ..
အစိုးရက ဗဟိုဘဏ်ကတဆင့် ရောင်းချတာ
ဖြစ်လို့ အာမခံချက် အပြည့်အဝရှိတဲ့အတွက်
လုပ်ငန်းရှင်ကြီးတွေ၊ ဘဏ်လုပ်ငန်းရှင်တွေ
အခွန်ထမ်းပြည်သူတွေ က စိတ်ချလက်ချ
ဝယ်ယူနိုင်တဲ့ ဗဟ်ုဘဏ်ရဲ့လုပ်ငန်းစဉ် တစ်ခုပါပဲ ။
Online မရှိရင် ဘယ်နေရာမှာ ရှာရမယ်မှန်းမသိ၊
ရုံးတောင်ထိုင်စရာမရှိပဲ ၊ ခွေးပြေးပြေးနေရတဲ့
ဝရမ်းပြေးတသိုက်က ငွေတိုက်စာချုပ်ရောင်းတယ်
ဆိုတာကတော့ လူပိန်းနားလည်နည်း ရှင်းပြရရင်
သူတို့ကို ထောက်ခံတဲ့ ဉာဏ်နည်းသူတွေ ဆီကနေ
ဒီတိုင်း အလှူခံစားလို့ မရတော့လို့ လိမ်စားလိုက်တာပါပဲ
လေပေါ်က အလျော်အစားမရှိတဲ့ ပေါတောတော
ထီ အပြီး နောက်ထပ် ဖန်တီးလိုက်တဲ့ဘောင်မဝင်တဲ့
ခေါင်းစဉ်တစ်ခုပါပဲ ..
ဘာဖြစ်လာမလဲဆိုတော့ ..
ပြည်ပြေးတွေ နိုင်ငံရပ်ခြားမှာ..
ချမ်းချမ်းသာသာ ပိုနေနိုင်မယ် ..
တောခိုသူတွေ အထောက်အပံ့
အတို၊အစ နည်းနည်းပါးပါးရမယ် ..
ဉာဏ်နည်းစွာ ဝယ်ယူသူတွေ ငွေဆုံးရှုံးမယ် ..
ဒီထက် ဘာမှ ပိုဖြစ်လာမှာမဟုတ်ပါဘူး ။
Aye Chan Min
Post a Comment