ထောက်လှမ်းရေး ဘာသာရပ်ထဲမှာတော့
တဖက်အဖွဲ့အစည်းနဲ့
ရင်ဆိုင်ရချိန်မျိုးမှာပဲဖြစ်ဖြစ်......
ယှဉ်ပြိုင်ရချိန်မျိုးမှာပဲဖြစ်ဖြစ်.....
ကြောက်၊ မုန်း၊ မျှော်ဆိုတဲ့ အချက်နဲ့
ချိန်ထိုး လုပ်တတ်တာလေးတွေရှိတယ်.....။
သေချာတာတစ်ခုကတော့......
နိုင်ငံရေးသိပ္ပံဘာသာရပ်ထဲမှာ
စစ်ဘက်ဆိုင်ရာထောက်လှမ်းရေး
အတတ်ပညာတစ်ခုအနေနဲ့
တပ်မတော်ရဲ့ စွမ်းဆောင်ရည်ဟာ
အဆင့်တခုအထိ ရောက်မနေဘူးလို့
ပြောချင်ပြောနိုင်၊ စွပ်စွဲချင်စွပ်စွဲနိုင်ပေမဲ့
နောက်ကျ ကျန်နေရစ်ခဲ့တာမျိုးတော့
မဟုတ်ဘူးဆိုတာ..
ဒီကနေအဖြစ်အပျက်တွေက
သက်သေရှိနေတယ်......
ယုံကြည်ချက်၊ခံယူချက်မရှိလို့
(၃)ပါတီပြောင်းသွားတဲ့ ပုဂ္ဂိုလ်မျိုးကိုမှ
ဝန်ကြီးချုပ်ခန့်ပြီး ပါတီရဲ့နောက်မျိုးဆက်သစ်လို့
နီပိန်းတွေ ထင်ခဲ့တာ၊ မျှော်လင့်ခဲ့တာမဆန်းသလို
ဘာမေးမေး မဖြေနိုင်ဘူး ၊ သတ်ပလိုက်ဆိုတဲ့
တော်လှန်ရေး ဒိုင်ယာလော့တွေ
ဒိတ်အောက်သွားချိန်မှာ.......
အချိန်ပေးပြီး မိတ်ကပ်လိမ်းစရာမလိုဘဲ
မိသမျှ ဖော်နေတာတွေက
သိပ်ပြီး အံ့ဩစရာတော့မရှိဘူး.......။
ပိုဆိုးတာက
ဗုဒ္ဓဘာသာ အများစုကိုးကွယ်ပါတယ်ဆိုတဲ့
နိုင်ငံတစ်ခုက နီပေါတွေကိုယ်တိုင်က
ဒီလိုဗုဒ္ဓနေ့မျိုးကိုတောင် အလွတ်မပေးနိုင်ဘဲ
အကုသိုလ် ပွားနေတာမျိုးကိုမြင်ရတာ
အော့နှလုံး နာစရာပါပဲ.....။
မအောင်မြင်နိုင်တာသိသိနဲ့
အလှူခံစားနေကြတာလည်း ရှက်စရာကောင်းသလို
မအောင်မြင်နိုင်တာသိသိနဲ့
ရင်ကော့ခံပြီး NUG ကိုယ်စား
အသေခံ /အသတ်ခံနေရတဲ့
လူငယ်တွေအတွက်လည်း
ကြေကွဲစရာကောင်းပါတယ်....
ဘာပဲဖြစ်ဖြစ်
ဝါဒမှိုင်းမိနေတဲ့ ဒီနိုင်ငံအတွက်
ဒါဟာ မလွတ်မြောက်နိုင်တဲ့နိုင်ငံရေးပဲ....။
crd
Post a Comment