ဒီဥပဒေက
ခုအချိန် ချက်ခြင်းလိုရဲ့လားလို့
မေးခွန်းတွေရှိနေပေမဲ့လည်း
အချိန်ကာလလေးတစ်ခုလေးပါပဲ
မြန်မာနိုင်ငံအတွက်
နိုင်ငံခြားစွက်ဖက်မှု တားဆီးရေးဥပဒေဆိုတာ
တချိန်ချိန်တော့ မဖြစ်မနေလိုအပ်လာမဲ့
ဥပဒေတစ်ခုဖြစ်လာမှာပါ......
အာဆီယံဆိုတဲ့ အဖွဲ့အစည်းအရဲ့
ထူးခြားတဲ့ ဂုဏ်ထူးဝိသေသဆိုတာ
တနိုင်ငံရဲ့ ပြည်တွင်းရေးကို
အခြားအဖွဲ့ဝင် နိုင်ငံတွေက
ဝင်ရောက်မစွက်ဖက်ရေးနဲ့
မတူကွဲပြားခြားနားမှုတွေရှိခဲ့ရင်
ဘုံသဘောတူညီချက်ရရှိအောင်
ညှိနှိုင်းဆောင်ရွက်ကြရေးဆိုတဲ့
Chapter တွေ ထားရှိထားသည့်တိုင်အောင်
+ နိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေရှိလာတဲ့အခါမှာ
ပြဌာန်းထားတဲ့ ပဋိညဉ်/စည်းကမ်းတွေလည်း
မြောင်းထဲရောက်သွားတော့တာပဲ......
တရုတ်ရဲ့ အနောက်ဘက်အခြမ်းကို
ထိန်းချုပ်ဖို့အတွက်ပဲဖြစ်ဖြစ်၊
အရှေ့တောင်အာရှနိုင်ငံတွေနဲ့
အိန္ဒိယ-တရုတ်ကို တိုက်ရိုက်ဆက်သွယ်ဖို့အတွက်
စင်္ကြန်ကုန်းမြေနိုင်ငံအဖြစ်လို့ပဲပြောပြော
ပထဝီနိုင်ငံရေးအရ
အရေးပါနေတဲ့ မြန်မာနိုင်ငံအတွက်
အနောက်နိုင်ငံတွေရဲ့
စိတ်တိုင်းကျကြိုးဆွဲအစိုးရမတက်မခြင်း
ဒီမိုကရေစီကို အကြောင်းပြပြီး
တပ်မတော်ကို ဖိအားတွေပေးနေဦးမှာပဲ......
တပ်ကို လွှတ်တော်ထဲ ထည့်ထားတဲ့
အင်ဒိုနီရှား နိုင်ငံ၊
အာဏာခဏခဏသိမ်းနေတဲ့ ထိုင်းနိုင်ငံ၊
ဒီမိုကရေစီခေတ်ကြီးမှာမှ
သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့ သွားနေသေးတဲ့
ဘရူးနိုင်းနိုင်ငံ၊
အင်ဒိုနီရှားဆီက ခွဲထွက်လာတဲ့တီမောနိုင်ငံနဲ့
အဖေပြီးရင် သားအုပ်ချုပ်တဲ့
စင်ကာပူနိုင်ငံတွေရဲ့
ပုံစံအမျိုးမျိုးရှိနေတဲ့ နိုင်ငံရေးကြားမှာ
အာဆီယံရဲ့ Chapter တွေက
တချိန်ချိန် ပြောင်းလဲပြင်ဆင်လာတာမျိုးတွေ
ရှိလာနိုင်တယ်ဆိုတဲ့
အနာဂတ်မျှော်လင့်ချက်အမြင်
ရှိထားသင့်ပါတယ်။
သေချာတာကတော့.....
ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို
လွှမ်းမိုးချုပ်ကိုင်လိုတဲ့လုပ်ဆောင်ချက်တွေအပေါ်
ကာကွယ်နိုင်ရေးကသာအဓိကဖြစ်လို့
တချိန်ချိန်တော့ အနှေးနဲ့အမြန်လိုအပ်လာမဲ့
ဥပဒေတစ်ခုအဖြစ် ရှုမြင်မိတာအမှန်ပဲ....
#ဖိုးစီ
Post a Comment