ဘားအံပညာရေးကောလိပ်အနီးတွင် ဆိုင်ကယ်အတွင်းမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ
၂၅ နိုဝင်ဘာ၊ ၂၀၂၁
နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၄နာရီခန့်တွင် ဘားအံမြို့၊ အမှတ်(၉)ရက်ကွက်၊ ပညာရေးဒီဂရီကောလိပ်အနီးတွင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဖြတ်သန်းသွားလာနေသောယာဉ်များအား စစ်ဆေးမှုများဆောင်ရွက်နေစဉ် ကော့ကရိတ်မြို့နယ်ဘက်မှ ဘားအံမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသောလူနှစ်ဦးလိုက်ပါစီးနင်းလာသည့်နံပါတ်(မပါ)Honda(အနီ/အနက်)ဆိုင်ကယ်အားစစ်ဆေးခဲ့ရာ ဖုန်းအတွင်း လက်နက်ကိုင်ဆောင်၍ရိုက်ကူးထားသောမှတ်တမ်းဓာတ်ပုံများ၊ ဘားအံမြို့အတွင်း အများပြည်သူသွားလာနေသောလူစည်ကားသည့်နေရာများ၊ စာသင်ကျောင်းများ၊ ရုံးဌာနအဆောက်အဦးများအား မိုင်းထောင်ဖောက်ခွဲမှုများပြုလုပ်ရန်ပြောဆိုထားသည့်စာသားများအား စစ်ဆေးတွေ့ရှိခဲ့ပါသည်။ထို့ကြောင့် ဘားအံမြို့မရဲစခန်းသို့ခေါ်ဆောင်ပြီးနောက် ဆိုင်ကယ်အားဖြုတ်၍စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်ကိုယ်ထည်အတွင်း သိုဝှက်သယ်ဆောင်လာသော MK-12 သေနတ် ၃ လက်(တူရကီနိုင်ငံထုတ်)၊ ပစ္စတို ၂ လက်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။
Post a Comment