#ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီ

ယနေ့နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေးမြို့၊ အင်းဒိုင်းကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာ ကျောင်းဝန်းအတွင်းသို့ အကြမ်းဖက် သမား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်၍ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ခဲ့ရာ ကျောင်းဝန်း အတွင်းရှိ မုန့်ဆိုင်တန်းအဟောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။

နိုဝင်ဘာ ၉ ရက် ည ၉ နာရီခွဲခန့်တွင်လည်း ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ နယ်၊ လေးအိမ်စုကျေးရွာရှိ တိုးမာလာအခြေခံပညာမူလတန်းကျောင်း၏ (၂)ထပ်ကျောင်းဆောင် အနောက်ဘက် လှေကား၌ အဝတ်စ ၁ စ မီးလောင်နေသည်ကို တွေ့ရှိရသဖြင့် ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ပြီး ကျောင်းပေါ်သို့ကြည့်ရှုခဲ့ရာ ကျောင်းအပေါ်ထပ် ဝရန်တာရှိ သစ်သား ကြမ်းခင်းများပေါ်တွင် ဒီဇယ်ဆီများ လောင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို နိုဝင်ဘာ ၈ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင်လည်း ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းလေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ ဆရာ၊ ဆရာမများ နေထိုင်ရန် ဆောက်လုပ်ထားသည့် အဆောက်အဦ ၂ လုံးအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နိုဝင်ဘာ ၉ ရက် နံနက် ၁ နာရီခန့်တွင် မီးငြိမ်း သွားခဲ့သည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ခန်းတွဲ မြေစိုက် အဆောက်အဦ ၁ လုံး မီးလောင်ပျက်စီးခဲ့သည်။

 အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးသူငယ်များ ပညာသင်ကြား လျက်ရှိသည့် စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနားနေဆောင်များနှင့် ပြည်သူများပိုင်ဆိုင် သည့် နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား စုံစမ်း ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်

crd

Post a Comment

Previous Post Next Post