အထင်ကြီးမှုပြသနာ

ဒီကနေ့  NLD ပါတီထောက်ခံသူတွေမှာ
ဖြစ်နေတဲ့ ပြသနာက 
အထင်ကြီးမှု ပြသနာပါပဲ….
ဘယ်လို အထင်ကြီးမှုလဲဆိုတော့
သူတို့ ပါတီသာလျှင် 
တနိုင်ငံလုံးကထောက်ခံတယ်…..
သူတို့ ဒေါ်စုကိုသာလျှင် 
တနိုင်ငံလုံးက ချစ်ကြတယ်ဆိုတဲ့
အထင်ကြီးမှု ပြသနာပါပဲ….
ဒေတာအချက်အလက်အရဆိုရင်
ကြားဖြန်သန်းကောင်စာရင်းအရ
၅၄သန်းကျော်ရှိပါတယ်…။
၃၈ သန်းကျော် မဲပေးခွင့်ရှိတဲ့အထဲက
၁၂ သန်းကျော် ပမာဏာကသာလျှင်
NLD ပါတီကို ဝန်းရံထောက်ခံတာဖြစ်ပါတယ်။

မျက်လုံးထဲ မြင်သာအောင်ပြောရရင်
ဥပမာ လူဦးရေ တသောင်းရှိတဲ့မြို့မှာ
၆ထောင်က NLD ပါတီကို ထောက်ခံပြီး
ကျန်လူအရေအတွက်ကတော့
အခြားသောပါတီတွေကို
ထောက်ခံကြတာဖြစ်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲထုံးစံအရ
မဲအနိုင်အရှုံးရလာဒ်ကိုသာ ဖော်ပြတာဖြစ်လို့
အနိုင်ရတဲ့ တိုင်းဒေသကြီး/ပြည်နယ်မှာ
အနိုင်ရတဲ့ပါတီအရောင်က
သာလွှမ်းခြုံသွားတာဖြစ်ပါတယ်။
ဆိုလိုချင်တာက မြို့တိုင်းမြို့တိုင်း၊
ရွာတိုင်းရွာတိုင်းမှာ NLD ပါတီထောက်ခံသူတွေပဲ
ရှိနေတာမျိုးမဟုတ်ဘူးဆိုတာကို
နားလည်သဘောပေါက်စေချင်တာဖြစ်ပါတယ်။

ဒါပေမဲ့  
NLD ပါတီထောက်ခံသူတွေစိတ်ထဲမှာတော့
သူတို့ပါတီသာလျှင် 
လူထုထောက်ခံမှုများတယ်ဆိုတဲ့အချက်နဲ့
တနိုင်ငံလုံးက ထောက်ခံသလိုလိုဆိုတဲ့
အတွေးအမြင် ရှိနေကြတာဖြစ်ပါတယ်။

အဲဒီအမြင်ရဲ့ ဆိုးကျိုးကတော့
အာဏာထိန်းတာကို လက်မခံတဲ့ 
NLD ပါတီထောက်ခံသူတွေက 
အကြမ်းဖက်မှုလုပ်ငန်းတွေကိုလုပ်ကြပေမဲ့
NLD ပါတီကိုမထောက်ခံတဲ့သူတွေကတော့
ကြားနေဝါဒကိုသာ သုံးလိုပြီး
အေးအေးဆေးဆေးနေလိုကြတာကို
တွေ့ရတယ်။

ခက်တာက  
NLD ပါတီအကြမ်းဖက်တွေအနေနဲ့
ကြားနေဆိုတာ အလိုမရှိဘူး…
သူတို့ကိုမှ မထောက်ခံရင် …
သူတို့ကိုမှ  မဝန်းရံရင် 
ဒလန်ဆိုတဲ့ခေါင်းစဉ်တစ်ခုနဲ့
တပ်ထောက်ခံသူတွေနဲ့မိသားစုတွေ၊
အခြားမျက်မုန်းကျိုးနေတဲ့ ပါတီဝင်တွေ၊
ရွေးကောက်ပွဲအကြိုကာလက
ကျောင်းတော်ရန်စရှိခဲ့တဲ့သူတွေကို
လက်နက်လက်ထဲရောက်ချိန်မှာ
တောင်စဉ်မရ လိုက်သတ်ဖြတ်တော့တာပဲ။

စာချုပ်ရရင်…
သတိပေးချင်တာတစ်ခုပဲရှိပါတယ်…
ပြည်နယ်နဲ့တိုင်း (၁၄)ခုစလုံးမှာ
အကြမ်းဖက်/လူသတ်မှုတွေလုပ်နေပေမဲ့
တာဝန်ရှိသူတွေအနေနဲ့
အင်အားအလွန်အကျွံသုံးပြီး
ထိထိရောက်ရောက်ထိန်းသိမ်းတာမရှိပါဘူး။

အကျိုးဆက်အနေနဲ့
ပလိန်းကြီး လူသတ်ခဲ့ကြတဲ့ PDF တွေဟာ
နောင်တချိန် ABSDF အဖွဲ့လိုမျိုးပဲ
သမိုင်းတပါတ်ပြန်လည်လာပြီး
တာဝန်ခံရပါလိမ့်မယ်။

အသတ်ခံရတဲ့ အခြားပါတီဝင်တွေနဲ့
ရပ်ကျေးဥက္ကဋ္ဌတွေရဲ့မိသားစုအနွယ်ဝင်တို့ရဲ့
အမုန်းနားကျည်းမှုဒဏ်ကို
ကျိန်းသေပေါက်ပြန်ခံရပါလိမ့်မယ်။
ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံမှာ
ဆွမ်းစားနေတဲ့ဘုန်းကြီးတောင်မချန်ဘဲ 
သတ်ခံတဲ့ပါတီတစ်ခုအနေနဲ့
သမိုင်းအမဲစက်ကျန်နေခဲ့မှာလည်းဖြစ်တယ်။

Post a Comment

Previous Post Next Post