စဥ်းစားဖြစ်တဲ့ အကြောင်းအရာက
တပ်မတော်သည် အမျိုးသားရေးတာဝန်ကို
မည်မျှအထိ ကျေပွန်စွာ ထမ်းဆောင်ခဲ့သနည်း
ဆိုတဲ့ မေးခွန်းကိုပဲ.....
ကိုယ့်ကိုယ်ကိုယ် မေးတဲ့မေးခွန်းဖြစ်တော့
ကိုယ့်ဘာသာကိုယ်ပဲ ပြန်ဖြေရမှာပေါ့...
မြန်မာနိုင်ငံတွင် နိုင်ငံတော်အာဏာကို တာဝန်ယူ
ဦးဆောင်ခဲ့ကြသော အစိုးရအဆက်ဆက်တို့သည်
ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသည် ဟူ၍
ကြေငြာခဲ့ကြသည်။
ဖဆပလအစိုးရသည် ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် ဆိုရှယ်လစ်နိုင်ငံကို တည်ဆောက်မည်ဟု ကြေငြာခဲ့သည်။
ယင်းသည် ဖဆပလ အဖွဲ့ချုပ်၏ လွတ်လပ်ရေး
ကြိုးပမ်းမှုကာလက ခံယူကျင့်သုံးခဲ့သော လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည် တတိယဟူ၍ ချမှတ်ထားသည့် အမျိုးသားရေးမူဝါဒ လမ်းကြောင်းအရ လွတ်လပ်ရေးရပြီးဖြစ်၍
ဒီမိုကရေစီကို အခြေခံလျက် ဆိုရှယ်လစ်နိုင်ငံတည်ဆောက်လာခြင်းဖြစ်သည်။
သို့သော်လည်း ဖဆပလအစိုးရ၏ ပါလီမန်ဒီမိုကရေစီ
စနစ်သည် အသွင်သဏ္ဍန်အရသာရှိခဲ့ပြီး လက်တွေ့ဘဝ
နယ်ပယ်တွင် ဂိုဏ်းဂဏဝါဒအစွဲအလန်းများ ပြင်းထန်ခြင်း၊
အစွန်းရောက်လူမျိုးရေးဝါဒများ လွှမ်းမိုးလာခြင်း
တို့ဖြင့် ဖဆပလအဖွဲ့အတွင်းမှ ကွန်မြူနစ်ပါတီ ( ဗကပ)
အား ထုတ်ပယ်လိုက်ရခြင်း၊ ပြည်သူ့ရဲဘော်ပါတီတွင်
ရဲဘော်ဖြူ၊ ရဲဘော်ဝါဟူ၍ နှစ်ခြမ်းကွဲပြီး ရဲဘော်ဖြူအဖွဲ့က လက်နက်ကိုင်လမ်းစဥ်ဖြင့် ဆန့်ကျင်တိုက်ခိုက်လာခြင်း၊
စောဘဦးကြီး ခေါင်းဆောင်သော KNDO ကရင်
တိုင်းရင်းသား လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်မှု
ဖြစ်ပေါ်လာခဲ့ခြင်း၊
တပ်မတော်အတွင်းမှ ဗကပ သြဇာခံတပ်မှူး၊ တပ်သားအချို့ သစ္စာဖောက်ခဲ့ခြင်းတို့ဖြင့် နုနယ်လှသော လွတ်လပ်ရေးကာလတွင် ဆိုးရွားခါးသီးလှသည့် အနိဌာရုံပြည်တွင်းစစ် မီးတောက်မီးလျှံက နိုင်ငံအနှံ့ လောင်ကျွမ်းခဲ့သည်။
ထိုစဥ်ကာလက နိုင်ငံတော်ကို တာဝန်ယူဦးဆောင်ခဲ့သော
ဖဆပလအစိုးရအဖွဲ့ဝင် ဝန်ကြီးများက နှုတ်ထွက်ခဲ့ကြပြီး အစိုးရခေါင်းဆောင် ဝန်ကြီးချုပ်က ပုပ်ပါးတောင်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၄၅ ရက် အဓိဌာန်
ခရီးအဖြစ် ပုတီးစိပ်နေခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်က ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး တာဝန်များ
ပေးအပ်ထားခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
သည် ယင်း၏ရှိသမျှသော လူသူလက်နက်အင်အားတို့ဖြင့် လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်နေသည့် ရောင်စုံသောင်းကျန်းသူများကို နှိမ်နင်းခဲ့ရသည်။
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို
ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ခရိုင်၊ မြို့နယ်များ
အားလုံးလောက်ကို တည်ဆဲဖဆပလအစိုးရ၏
အာဏာသက်ရောက်စေရန်ကြိုးပမ်းခဲ့ရသည်။
အခြားတစ်ဖက်တွင်လည်း ရပ်ရွာအေးချမ်း
သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို
အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ပြီး တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်သည် အစိုးရတာဝန်များ
အား တည်ဆဲဖဆပလ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ထံပြန်လည်အပ်နှံ၍ မူလတာဝန်ကို
ပြန်လည်ထမ်းဆောင်ခဲ့သည်။
ဤသည်မှာ တပ်မတော်သည် နိုင်ငံတော်၏ သမိုင်းရေး
ဖြစ်ပေါ်မှုတရားအရ အမျိုးသားရေးတာဝန်ကိုကျေပွန်စွာ
ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်မှာ ငြင်းပယ်ချေဖျက်၍
မရသော သမိုင်းဝင် မှတ်တမ်းဖြစ်သည်။
ယင်းနောက် ပြည်တွင်းရေးအခြေအနေ အထိုက်အလျောက် တည်ငြိမ်အေးချမ်း
နေစဥ်မှာပင် အမေရိကန်နိုင်ငံ၏ ပရောဂဖြင့်
တရုတ်နိုင်ငံကို ဝန်းရံပိတ်ဆို့ချေမှုန်းရေးဟူသော
အရှေ့တောင်အာရှ စစ်ရေးမဟာဗျူဟာအရ
မြန်မာနိုင်ငံအတွင်းသို့ ကေအမ်တီ တရုတ်ဖြူ
တပ်ပြေးများက ဝင်ရောက်ကျူးကျော်လာသဖြင့်
တပ်မတော်သည် စစ်တင်ရေးကြီးများဖြင့်
တရားသော ခုခံစစ်ကို ဆင်နွှဲခဲ့ရသည်။
လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို
တပ်မတော်အရာရှိ၊ အကြပ်၊ စစ်သည်များစွာ၏
အသက်ကိုပေး၍ ကာကွယ်ခဲ့ကြရသည်။
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်
လာသော တရားခံအစစ် လက်သည်ဖြစ်သူ အမေရိကန်
နိုင်ငံအား ကုလစင်မြင့်တွင် သက်သေအထောက်အထား
အခိုင်အမာဖြင့် ဖော်ထုတ်တင်ပြခဲ့သည်။
ဤသည်မှာ တပ်မတော်၏ အမျိုးသားရေးတာဝန်ကို
မည်မျှအထိ ကျေပွန်စွာ ထမ်းဆောင်ခဲ့သနည်းဟူသော
အမေးပုစ်ဆာ၏ အဖြေမှန်ဖြစ်သည်။
ယနေ့အချိန်မှာလဲ အလားတူ ပြဿနာမျိုးရင်ဆိုင်နေရတယ်။
တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ
တည်တံ့ခိုင်မြဲရေး
တည်ငြိမ်အေးချမ်းရေးမှာ မြန်မာနိုင်ငံသားအားလုံးက
အသုံးချခံရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အရှုံးက
မြန်မာနိုင်ငံသားတွေပဲ ဖြစ်နေလို့....
ယနေ့အချိန်မှာ အလုံးစုံပျက်သုန်းရေးကို
ဆောင်ရွက်သည့် ရည်ရွယ်ချက်သည်
မြန်မာနိုင်ငံ အစိပ်စိပ်အမွှာမွှာကွဲခဲ့ရင်
အမေရိကန်ကိုလိုလားတဲ့ ပြည်နယ်၊ တိုင်း
တစ်ခုမှာ အခြေစိုက်စခန်းထားပြီး တရုတ်
ပြည်ကို အနီးကပ်ခြိမ်းခြောက်လို့ရမယ်။
ယခင်က အရှေ့တောင်အာရှမဟာဗျူဟာအရ
ယခုကတော့ အင်ဒို ပစိဖိတ်မဟာဗျူဟာအရပေါ့...
လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ရုစဘဲ့လ် နိမိတ်ဖတ်ခဲ့သလို
ပစိဖိတ်ကို မျက်နှာမူဖို့ အမေရိကန်တို့ ကြိုးစားနေပြီ။
တရုတ်က အလွန်အမင်း အင်အားကြီးထွားလာပြီ။
အာရှတိုက်ကနေ အမေရိကန် လွှမ်းမိုးမှုကို
ဖယ်ရှားဖို့ ကြိုးစားနေပြီ။
ပြီးခဲ့တဲ့လက ဘဂ်လားပင်လယ်အော်မှာ
အင်ဒိုပစိဖိတ်အဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်
သွားတယ်။
မာလက်ကာရေလက်ကြားကို အနောက်အုပ်စုက
ပိတ်ခဲ့ရင် ကျောက်ဖြူကနေ ပင်လယ်ထွက်ပေါက်ကို
မြန်မာနိုင်ငံကတဆင့် တရုတ်က ရယူထားတယ်။
၂၀၁၉ တုန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကိုကိုးကျွန်းကိုသွားခဲ့တယ်။
သူသွားခဲ့တုန်းက အချိန်ကို ပြန်ကြည့်ရင်
အဲဒိအချိန်တုန်းကလဲ အက်ဒမန်ကျွန်းမှာ
အမေရိကန် နဲ့ အင်ဒိုပစိဖိတ်အဖွဲ့ဝင်တွေ
စစ်ရေးလေ့ကျင့် သွားတယ်။
ထိုနည်းတူ ပြီးခဲ့တဲ့လ အောက်တိုဘာ
၁၂ ကနေ ၁၅ထိ ဘဂ်လားပင်လယ်အော််မှာ
အမေရိကန် အိနိယ ဂျပန် သြစတြေးလျ
အင်ဒိုပစိဖိတ် အဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်ခဲ့တယ်။
ထိုနည်းတူ မြိတ်လေတပ်စခန်းက
အောက်တိုဘာ ၁၁ ကနေ ၁၅ ထိ စစ်ရေး
လေ့ကျင့်တယ်။
ဆက်စပ်စဥ်းစားကြည့်တာ....
အလုပ်တိုင်း အလုပ်တိုင်းက အကြောင်းမဲ့
မလုပ်ဘူး၊ အဲဒိအလုပ်တွေရဲ့နောက်မှာ
ရည်ရွယ်ချက်တွေရှိမယ်။
မြန်မာနောက်မှာ ရုရှားရှိတယ်။
ကုန်သွယ်မှုတွေနဲ့ မြေပြင်မှာ
အဆင်မပြေဘူးဆိုပေမယ့်
အနောက်အုပ်စုကို ပါဝါချိန်ခွင်လျှာညှိဖို့
တရုတ်နဲ့ရုရှားက ပေါင်းထားတယ်။
ဒါ့ကြောင့် မြန်မာနောက်မှာလဲ တရုတ်ရှိတယ်။
ပြည်တွင်းငြိမ်းချမ်းရေးကိုလိုလားတဲ့ တပ်မတော်
အတွက် လက်နက်ကိုင်တွေနဲ့ buffer ခံထားတဲ့
တရုတ်ပြည်နဲ့ကလဲ ပြဿနာရှိတယ်။
ဒါတွေကြောင့်ပဲ ရုရှားဘက်ရောက်သွားတယ်လို့
မြင်တယ်။
အမေရိကန်က မာလက်ကာရေးလက်ကြားတင်
မဟုတ်ဘူး၊ မြန်မာပြည်ကတဆင့် ရယူထားတဲ့
တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်ကိုပါ ထပ်ပိတ်
ချင်နေတာ....
တချိန်က တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့ဖို့
ကူမင်တန်တွေနဲ့ကြိုးစားခဲ့တယ်။ ယနေ့
အချိန်မှာတော့ အလုံးစုံပျက်သုန်းပြီး ကွဲထွက်ဖို့
လက်နက်ကိုင်အချို့နဲ့အတူ pdf တွေနဲ့ကြိုးစား
နေတာပေါ့....
( ဒီ့နေ့လိုတွေ ဖြစ်မလာဖို့ ၊ ဒီနေ့ချိန်ထိ မရောက်ဖို့
ဖေဖော်ဝါရီလကတည်းက ကွန်မြူနစ်ဆန်တဲ့
လှုပ်ရှားမှုတွေကို မော် ဆန်ဆန်လုပ်ဖို့ ...
ထိုနည်းတူ AA လုပ်ပုံလုပ်နည်းနဲ့ တူတယ်လို့
မိမိအမြင်ကို ပြောမိတယ်။
ဒီအချက်က ၂၀၁၀-၂၀ ကြား နိုင်ငံ ပြည်သူ
နဲ့ တပ်မတော်ကို မိမိလက်လှမ်းမီသလောက်
အပြင်သဏ္ဍန်အရ မဟုတ်ပဲ၊ အတွင်းသရုပ်ကို
လေ့လာမိတယ်။
ရန်သူ့အကြောင်းလဲ စိတ်ဝင်စားသလို၊
မိမိအကြောင်းလဲ စိတ်ဝင်စားလို့ မော်
ဆန်စေချင်တာ....
လူမှုကွန်ယက်ရော မြေပြင်မှာရော လူတွေရဲ့
စိတ်ပိုင်းဆိုင်ရာနဲ့ အမြင်တွေကို လေ့လာမိတယ်။
ထိုင်းနဲ့မြန်မာ မတူတဲ့ အရှိတရားကို လက်ခံမိတယ်။
ဒါသည်လဲ လီကွမ်ယုက မြန်မာနိုင်ငံအပြောင်းအလဲနဲ့
ပတ်သက်ပြီး သူ့အမြင်ပြောခဲ့တာကို စိတ်ဝင်စားရာက
တဆင့် လေ့လာမိခဲ့တာ....
မြေပြင်အခြေအနေတွေအရ အချိန်ကြာတာနဲ့အမျှ
ဘေးထွက်ဆိုးကျိုးတွေ မဖြစ်ဖို့ ပြတ်သားစေချင်တာ...
လက်ရှိကတော့ အစကတည်းက ပြတ်ပြတ်သားသား
ကိုင်တွယ်ခဲ့ရင် ဘာဖြစ်မလဲ...
လူ၊ ငွေကြေးနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေက ဘယ်လောက်လဲ...
ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေပြီး
ဥပဒေနဲ့ ကိုင်တွယ်တာသည် ဒီ့ထက်ပိုပြီး အချိန်ကြာလာ
တာနဲ့အမျှ ဘာဆက်ဖြစ်မလဲ...
ဥပမာ- AA နဲ့ တူတယ်လို့ မိမိအမြင်ကို ပြောပြီး
ဖြစ်သည့်အတွက် kia ဦးဆောင်ပုံဖော်နေတဲ့အတိုင်း
ပွဲပြီးသွားသည့်တိုင်၊
ယခင်က အဖြူရောင်နယ်မြေတွေမှာ၊
စစ်ကိုင်းနဲ့ ချင်းမှာ ခြေကုပ်ယူပြီး
လက်နက်ကိုင် အသစ်တွေထပ်
ဖြစ်လာမှာလား
လူ၊ ငွေကြေးနဲ့ဆုံးရှုံးမှုတန်ဖိုးတွေက ဘယ်လောက်လဲ...
ဒီအချက်ကို စိတ်ဝင်စားမိတယ်။
မိမိအမြင်က အောင်မြင်မှုကို ဆုံးရှုံးမှု အနည်းဆုံးနဲ့
လိုချင်တာ....
သမိုင်းဆိုင်ရာအရတော့ NUG pdf တွေသည်
အကြမ်းဖက်သမားတွေဖြစ်တယ်ဆိုတာတော့
ပုံပေါ်သွားတယ်။
ယခင်အချိန်တွေကလို တပ်မတော်က လူကြမ်းကြီး မဟုတ်တော့ဘူး။
ဒီအချက်က လူငယ်နဲ့ လူကြီးရဲ့ အတွေးအခေါ်
ကွာဟချက်လား။)
ဒီနေရာမှာ စစ်တိုက်တာသည် တနိုင်ငံထဲတိုက်နေတာ
မဟုတ်ဘူးဆိုတာကို သိဖို့လိုတယ်။ မြင်ရတဲ့ အပိုင်းအရ
အနောက်အုပ်စုထောက်ပံ့တဲ့ ကူမင်တန်နဲ့ တပ်မတော်နဲ့
မမြင်ရတဲ့ အပိုင်းအရ အမေရိကန်အခြေစိုက်တာကို မလိုလားတဲ့ ရက်ရောတဲ့ကူညီမှုနဲ့ အိနိယရဲ့ ထောက်ပံ့မှု
တရုတ်ပြည်ကတော့ သူ့ကို ပိတ်ဆို့ဖို့ကြိုးစားတဲ့
ကူမင်တန်ကို မလိုလားဘူးဆိုတာတော့ အထွေ
အထူးပြောနေစရာ မလိုတော့ပါဘူး။
ထိုနည်းတူ ယနေ့အချိန်မှာလဲ တရုတ်ပြည်က
သူ့ကို ပိတ်ဆို့ဖို့ကြိုးစားတာကို လက်ခံမှာ
မဟုတ်သလို၊
တပ်မတော်ကလဲ ဒီနိုင်ငံကို အပျက်စီးခံမှာ
မဟုတ်ပါဘူး။
ယနေ့အချိန်မှာလဲ တပ်မတော်အနေဖြင့်
အမေးခံနေရတဲ့ မေးခွန်းက အမျိုးသားရေး
တာဝန်ကို မည်မျှအထိ ကျေပွန်စွာ ထမ်းဆောင်
ခဲ့သနည်းဆိုတဲ့ သမိုင်းဆိုင်ရာ မေးခွန်းပါပဲ...
သမိုင်းကြောင်းကောင်းတဲ့ တပ်မတော်ဖြစ်သည့်အတွက်
အမျိုးသားရေးတာဝန်ကို ခေတ်အဆက်ဆက် ကျေပွန်စွာ ထမ်းဆောင်ခဲ့သလို၊
ယခုလည်း ကျေပွန်စွာ ထမ်းဆောင်သွားမှာပါ။
နောင်လည်း ကျေပွန်စွာ ဆက်လက်ထမ်းဆောင်
နေဦးမှာပါ......
အမေရိကန်ပြည်တွင်းစစ်ကို အဆုံးသတ်စေခဲ့သူ
လင်ကွန်းရဲ့ စကားလေးနဲ့ပဲ ဒီစာကို အဆုံးသတ်ပါ
ရစေ...
ဤသည်ကိုလဲ ဖြတ်ကျော်ပြီးစီးသွားမှာပါ။
Post a Comment