တနေ့က ကျနော် တက္ကစီစီးတော့ ကားဆရာက လူငယ်တယောက်ပါပဲ ။ လမ်းမှာ လုံခြုံရေးကား ကင်းလှည့်နေတာ မြင်ရတော့ ....
"တွေ့လား ဗျ ဒီကောင်တွေ ကြောက်နေပြီ ကျီးကန်းတောမှောက် သလို ဟိုကြည့်ဒီကြည့် နဲ့ လန့်နေကြတာ ဒါကိုကြည့်ရင် PDF တွေ နိုင်မယ်ဆိုတာ သိသာတယ် ''
ကျနော်ကတော့ Mask အောက်ကနေ သူ မမြင်ရတဲ့ ခနဲ့ပြုံးလေးနဲ့ပဲ ခေါင်းငြိမ့် တုန့်ပြန်လိုက်ပါတယ် ။
နောက်မနေ့က အပျင်းပြေဆိုပြီး တပုဒ်တင်လိုက်တော့ အဲဒီထဲမှာလည်း ဝင်မန့်တယ် ဗျ ။ ဒီသဘောပါပဲ ။ တပ်မတော်က ဘယ်လိုကျဆုံးနေတာ ၊ PDF တွေကို ကြောက်လို့ မြို့ပေါ်မှာတောင် ယူနီဖောင်းဝတ်ပြီး အပြင်မထွက်ရဲဖူး ။
ဒါမျိုးတွေ လာမန့် ကြပါတယ် ။ ဒီလိုတွေ ထင်မြင်ယူဆလာအောင် သွေးထိုးပေးနိုင်တဲ့ ရန်သူရဲ့ ဆိုက်ဝါး နဲ့ မီဒီယာကိုတော့ ချီးကျူးရမှာ အမှန်ပဲ ဗျ ။ အင်း ပြောလို့သာ ပြောနေရတာ သူတို့ ဘက်ဂရောင်းကလည်း ဆိုးရော့လို လူမျိုးကနေ ပညာရှင်ပေါင်းစုံနဲ့ ပံ့ပိုးပေးနေတာကိုး ။
ကိုယ့်ဖက်က မီဒီယာ ပညာရှင်တွေ ကြည့်လိုက်လေ ။ မင်းတုန်းမင်း ဂွေးတန်းလန်း ဘဝက အတွေးအခေါ် နဲ့ စီမံခန့်ခွဲ နေမှတော့ ဘယ်လိုလုပ် ထိုးဖောက်နိုင်မလဲ ဗျာ ။
မီဒီယာအကြောင်း ရေးနေရင် ပြီးမှာ မဟုတ်တော့ဖူး သီးသန့် ရေးမှ အဆင်ပြေမယ် အစောက ပြောတာ ပြန်ကောက်မယ် ဗျ ။
စစ်သားတွေ ကင်းလှည့်တော့ ဟိုဟိုဒီဒီ ကြည့်ကြတာ ကြောက်လို့တဲ့ 😁😁 စစ်ရေးသတိ ဆိုတာ ကြောက်တာ မဟုတ်ဖူး နောက်ပြီး သူတို့က အမဲလိုက်နေတာ လေ ။ မသကာ်စရာကို မြို့ထဲ ပတ်ရှာနေကြတာ ကားပေါ်မှာ ဖုန်းပွတ်ပြီး HD ကြည့်လို့ ရမလား ဟ ။
အဲလို ကြည့်နေခဲ့ဖူးတဲ့ ငစနူ လုံခြုံရေးတွေလည်း ခံခဲ့ရတာ မနည်းတော့ဖူးလေ ကွာ ။ ဒီတော့ လုံခြုံရေးကားတွေ သတိနဲ့ သွားလာနေတာ မြင်ရင် PDF ကို ကြောက်နေရလို့ မဟုတ်ဖူး သူ့အလုပ်သူ တာဝန်ကျေဖို့ ၊ တနည်း အမဲလိုက်ဖို့ သားကောင် ရှာနေတာလို့ သဘောပေါက်... ။
တပ်မတော်သားတွေ ရဲတွေ ယူနီဖောင်းနဲ့ အပြင်မထွက်ရဲဖူးတဲ့ ။ ခက်တော့နေပြီ အခုဖြစ်နေတာ ယူနီဖောင်းကိုယ်စီ နဲ့ ယောကျာ်းပီပီ တိုက်နေရတဲ့ ပွဲ မဟုတ်ဖူး ဟ ။
စျေးခွေးသူခိုးလို အလစ် ခြေသလုံးဝင်ကိုက်နေတဲ့ ခွေးသခိုး စစ်ပွဲ နွဲနေရတာ စစ်ရေး အမြင် စစ်ရေး သတိ မိမိလုံခြုံရေး သတိထားရမှာပေါ့ ။ PDF ဆိုတာ ဂြိုလ်ပေါက်နေတဲ့ ထူးခြားမှု မှ မရှိတာလေ ။ လူယောင်ဆောင်ပြီး အလစ်အငိုက် ခွေးကျင့်ခွေးကြံ ကြံစည်နေတဲ့ လူယုတ်မာတွေလေ ။
ဒါကိုပဲ စစ်ရေးအသိအမြင် မရှိပဲ ငါကွ ဆိုပြီး တပ်ပြင် ယူနီဖောင်းကြီး တကားကားနဲ့ သွားနေရအောင် ကြီးကြပ်နေတဲ့ အရာရှိတွေက PDF အရာရှိလို စည်ပင်က အမှိုက်ကောက်တဲ့ အဆင့် မဟုတ်ဖူးလေ ။
နောက် ပြောပါသေးတယ် ဘာတဲ့ တပ်မတော်က ကျဆုံးမှုတွေ မြင်မကောင်းဘူး ဆိုပဲ ။ မဇ္ဇျိမ ၊ မြန်မာနောင်း ၊ ခေတ်သစ် ၊ ဧရာဝတီ ၊ DVB တို့လို မုသာဝါဒ ပုတ်လိုက်မျိုချ ထားတဲ့ အပေါစား မီဒီယာတွေ ပေါက်ကရရေးတာ ယုံပြီး ပြောနေကြတာ သနားစရာပါပဲ ။
နောက် ငါတို့ နိုင်တော့မယ် ဆိုပြီး ပြည်ပ ထွက်ပြေးတဲ့ ဇော်ဝေစိုး ၊ ဆာဆာ ၊ မင်းကိုနိုင် ၊ မျိုးရန်နောင်သိန်း ၊ ပန်ဆယ်လို ၊ သရဝဏ် တို့လို စောက်ရူး လုပ်စားတွေ မြှောက်ပေးနေတာ ယုံနေရတဲ့ ဘဝတွေ သနားစရာ ပါပဲ ။
နိုင်တော့မှာ သိနေရင် ထွက်ပြေးမလား ဟ ၂၁ ရာစု G LEE တွေရ ။ ပြောလိုက်ရင်ဖြင့် ကျုပ်တို့က ၈၈ လို မဟုတ်ဖူး ခေတ်မတူတော့ဘူး ။ အေး ဟုတ်တယ် ၈၈ နဲ့ မတူဘူး မင်းတို့က ပိုတုန်းတယ် ၊ ပိုယုတ်မာရိုင်းစိုင်းတယ် ၊ ဘုရား တရား သံဃာ ဆရာ မိဘ တောင် မသိတော့အောင် ကျက်သရေ အဖြာဖြာတုန်းတဲ့ G LEE တွေပဲ ။
အခုဖြစ်နေတဲ့ PDF သောင်းကျန်းမှုကို တပ်မတော်က နှိမ်နင်းဖို့ နည်းလမ်းမရှိဖူး မသိဖူး မထင် နဲ့ ။ အခု တပ်ချုပ်ကြီးလောက် လည်တာ အခု တပ်ချုပ်ကြီးပဲ ရှိတယ် ။ ငါတို့ သူ့ကို ရံဖန်ရံခါ ဆဲနေကြတာ အဲလို လုပ်ပေါက်တွေကြောင့်ပဲ ။
သာမန် ခံစားမှုနဲ့ ကြည့်ရင်တော့ အခု အသတ်ခံရတဲ့ အရပ်သား တပ်မတော်ထောက်ခံသူတွေအတွက် အင်မတန် စိတ်နာစရာကောင်းပေါ့ ။ သို့သော် တိုင်းပြည်တခုရဲ့ အရွေ့အတွက် နဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာ နဲ့ အနာဂါတ်အတွက် ထည့်တွက်ပြီး ဒီကစားကွက်ကို တည်နေသလားလို့ ငါတို့ တွက်ဆနေရပြီ ။
မင်းတို့ နားလည်အောင် ဥပမာ ပေးရရင် ဆေးရုံကဆရာဝန်တွေ ကြည့်လိုက်ပါ ။ လူနာတဦး ဆုံးပါးသွားတယ် ။ ဘယ်ဆရာဝန်မှ ဝမ်းနည်းလွန်းလို့ မစားနိုင် မသောက်နိုင် ငိုကြွေးမနေဖူး ။ သူ့အလုပ်သူ ဆက်လုပ်နေတာပဲ ။
အဲဒါ သူ့မှာ စာနာမှု မရှိလို့ မဟုတ်ဖူး ။ သူ့အတွက် ဒါမျိုးက ရိုးနေပြီ ၊ ကာယကံရှင် ဆွေမျိုးသားချင်းတွေကသာ ဆုံးရှုံးမှုကြီး ကြီးမားနေတာလေ ။ ဆရာဝန်အတွက် နောက်ထပ် ကုသပေးရမယ့် လူနာအတွက်ပဲ အလုပ်ဆက်လုပ်လိမ့်မယ် ဒါ သူ့တာဝန် အစစ်ကိုး ။
အခု တပ်ချုပ်ကြီးက သာမန် အရပ်သားတွေ အသတ်ခံနေရတာ သူသိတာပေါ့ ။ အခုဆို တထောင်ကျော်သွားပြီ ။ ဘာ့ကြောင့် PDF တွေကို ဆက်လက် လှုပ်ရှားခွင့် ပေးထားသလဲ ၊ တဆက်တည်း NLD ကို မဖျက်သိမ်းတာလည်းဆိုတာ တွေးဆကြည့်အုံးမယ် ။
Post a Comment