#မနက်ဖြန်_စာသင်ခန်းထဲ_ဝင်လာမည့်_သေနတ်
၁.၁၁.၂၀၂၁ (တနင်္လာနေ့)
ကျောင်းတွေစဖွင့်မဲ့နေ့ပေါ့
စာသင်ခန်းထဲကို ယူနီဖောင်းနဲ့
လူတစ်ယောက် သေနတ်ကြီး
တလက်ထမ်းပြီး ဝင်လာတယ်
စာသင်ခန်းတဲ့ရှိနေတဲ့
ဖြူစင်ရိုးသားလှတဲ့
ကလေးငယ်လေးတွေ
ညီငယ် ညီမငယ်လေးတွေဟာ
ကြောက်လန့်ရမဲ့အစား
ဝမ်းမြောက်ဝမ်းသာ
ကြိုဆိုနေကြတယ်
တချို့က အားကျတဲ့
မျက်ဝန်းလေးတွေနဲ့ ကြည့်နေကြသလို
တချို့က အားကိုးတဲ့
မျက်ဝန်းလေးတွေနဲ့ ကြည့်နေကြတယ်
သေနတ်မြင်ရင် လန့်တတ်ကြပြီး
မဲမဲမြင်ရာ ပစ်တတ်ကြတယ်လို့
ဝါဒမှိုင်းတိုက်ခံခဲ့ရတဲ့
လူကြီး နီပိတ် ငပိန်းတွေထက်စာရင်
ဒီလူတွေနဲ့ ဒီသေနတ်တွေဟာ ငါတို့အတွက်
ကာကွယ်ပေးနေတဲ့ သေနတ်တွေပါလားလို့
လိမ္မာသိတတ်စွာ ခွဲခြားတတ်ကြတယ်
ဒီလူတွေနဲ့ ဒီသေနတ်တွေရှိနေလို့
ဆူးညှောင့် ခလုတ်တွေနဲ့ ခရောင်းလမ်းကြီးဟာ
ရဲရင့်တဲ့အသက်တွေနဲ့ ခင်းထားသော
ပန်းခင်းလမ်းဖြစ်နေရတယ်
ကဲ...
ကလေးငယ်လေးတွေ
ညီငယ် ညီမငယ်လေးတွေနဲ့
ဓာတ်ပုံတွေ အတူတူရိုက်ကြမယ်
သေနတ်ကြီးတွေ ကိုင်ကြည့်ကြမယ်
အကြမ်းဖက် အဖျက်အမှောင့်ကို ခဏမေ့
ဒို့တိုင်းပြည်ရဲ့ အနာဂတ် ကလေးငယ်လေးတွေ
စိတ်အေးချမ်းသာ ပျော်ရွှင်နေကြတာကြည့်ပြီး
ယူနီဖောင်းနဲ့ သေနတ်ထမ်းထားတဲ့
စစ်သားကြီး က နှုတ်ကဖွဖွလေး
ရွတ်လိုက်တယ်
တန်ပါတယ်ကွာတဲ့ဗျာ...
#crd
Post a Comment