မန္တလေးမြို့တွင် NLD, PDF အကြမ်းဖက်သမားများက KBZ ဘဏ်ခွဲများတည်ရှိရာနေရာများတွင် ဖောက်ခွဲတိုက်ခိုက်
မန္တလေး၊ အောက်တိုဘာ ၂၇
ယနေ့ အောက်တိုဘာ (၂၇) ရက်နေ့အတွင်း မန္တလေးမြိုအတွင်းရှိ ကမ္ဘောဇဘဏ်နှင့် ၎င်းနှင့်ဆက်စပ်နေရာ အနည်းဆုံး (၈) နေရာတွင် အကြမ်းဖက်သမားများမှ ဗုံးဖောက်ခွဲမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဖောက်ခွဲဖျက်ဆီးခဲ့သော နေရာများမှာ ချမ်းမြသာစည်မြိုနယ်တွင် မနော်ဟရီလမ်းနှင့် (၆၂)လမ်းထောင့် Fuji Shopping Mall အနီးရှိ KBZ ATM၊ (၅၇) လမ်းနှင့် မနော်ဟရီလမ်းအနီးရှိ KBZ ဘဏ်အရှေ့တွင် ထားရှိသော မီးစက်၊ (၆၆) လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ KBZ ဘဏ်၊ (၅၆)လမ်းနှင့် သိပ္ပံလမ်းထောင့်ရှိ KBZ ဘဏ် Call Center အရှေ့၊ (၆၁) လမ်းနှင့်သိပ္ပံလမ်းအနီးရှိ KBZ ဘဏ်ရှေ့တွင် ရပ်ထားသော ဘဏ်ပိုင်ယာဉ်(၁) စီး၊ မဟာအောင်မြေမြိုနယ် (၃၈) လမ်းနှင့် (၈၄)လမ်းထောင့်ရှိKBZဘဏ် ATM စက်(၂)လုံး၊ (၇၃) လမ်း ဗောဓိကုန်းကမ္ဘောဇဘဏ် ATM စက်တိုဖြစ်ကြောင်း ကနဦး သတင်းရရှိထားသည်။
NLD, PDF အကြမ်းဖက်သမားများသည် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်လျက်ရှိပြီး စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရရုံးဌာနများဖြစ်သည့် EPCရုံး၊ ယာဉ်ထိန်းရုံးများကို ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပြီး ယခုအခါ ဘဏ်များကို ပစ်မှတ်ထားတိုက်ခိုက်လာကြသည်။
https://t.me/MyanmarNationalPost
Post a Comment