နှောင်ကြိုးမဲ့နိုင်ငံ ဖြစ်အောင် ကြိုးစားကြပါစို့


အနောက်အုပ်စု လိုချင်တာက တရုတ်ကို ထောက်ဖို့အတွက် ၊ အာရှ ပစ္စဖိတ်ကို ထိန်းဖို့အတွက် ပထဝီဝင်အနေအထားအရ အရမ်းအချက်အခြာကျတဲ့ ဒို့ မြေ၊ ဒို့နိုင်ငံ ကို လိုချင်နေကြတယ်။ သိမ်းပိုက်ချင်ကြပြီ။
နောက်ပြီး ဒို့နိုင်ငံမှာ ကျန်နေစေချင်တာက မျိုးချစ်စိတ် နိုင်ငံချစ်စိတ် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို အလေးမထားသူတွေ ၊ မြန်မာနိုင်ငံသားလို့ စိတ်မရှိတော့တဲ့ လူသားတွေပဲ သူတို့ လိုအပ်တယ်၊ 
သူတို့ရဲ့ ခေတ်သစ် ကျွန် အခိုင်းအစေအဖြစ်နဲ့ပေါ့။ 
သူတို့ဟာ အင်အားရှိတဲ့ စစ်တပ်ကိုလည်း မရှိစေချင်ဖူး။ nld, usdp လည်း မလိုချင်ဖူး။ 
သူတို့ တကယ်လိုချင်တာက (#သူတို့ကိုလေးစားအားကျပြီးစိတ်ဓာတ်ရေးရာအရသိမ်ငယ်ပြီးသူတို့ခိုင်းသမျှလုပ်ပေးမယ့်ခေတ်သစ်ကျွန်) ကိုပဲ အလိုရှိနေကြတယ်။

လှပတဲ့ ဒို့ နိုင်ငံ ၊ ဒို့ ရိုးရာယဉ်ကျေးမှု ဘာသာ စကား ထုံးတမ်းစဉ်လာတွေ နဲ့ အေးချမ်းသာယာစွာ ရှိနေတာကို သူတို့ မလိုအပ်ဖူး။ မလိုချင်ဖူး၊ မရှိစေချင်ဖူး။ 
သူတို့ဟာ ကောက်ကျစ်စွာ နဲ့ Human right တို့၊ Liberal တို့ ဆိုတို့ စကားလုံးလှလှလေးတွေ သုံးပြီး သိမ်းသွင်း ဆွဲဆောင်နေကြတယ်။ တစ်ချို့ ပါသွားကြပြီ။

သူတို့ လိုချင်တာက (ဟိုးအရင်ကလို) အင်အားတောင့်တင်းပြီး စည်းလုံးညီညွတ်တဲ့ ခေတ် ကို ပြန်မရောက်ဖို့အတွက် ဒို့ လူမျိုးစုတွေ အချင်းချင်း စိတ်ဝမ်းကွဲပြီး ရန်ဖြစ် တိုက်ခိုက် သတ်ဖြတ်ပြီး အားနည်းချိနဲ့သွားတဲ့ နိုင်ငံအဖြစ်ရောက်အောင် လုပ်နေကြတယ်။

အခုချိန်ထိ ကျွန်တော်တို့ နိုင်ငံဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့နိုင်ငံ တစ်နိုင်ငံ ပါ။ 
ဘယ်သူ့ကိုမှ မစော်ကားခဲ့ သလို ဘယ်သူ့အစော်ကားမှလဲ မခံခဲ့ပါဘူး။

ဒို့ ဘိုးဘွားတွေ တည်ဆောက်ခဲ့တဲ့ အေးချမ်းသာယာပြီး လှပတဲ့၊ လွတ်လပ်တဲ့ အချုပ်အခြာပိုင် နိုင်ငံ ကို ပိုမို စည်းလုံးတိုးတက်အောင် ဝိုင်းဝန်းကြိုးစားကြသင့်ပါတယ်။
အချင်းချင်း ရန် ဖြစ်တာ လူအင်အားကုန်တယ်၊ သူများ ဝမ်းသာကြတယ်။ 

ကိုယ်လုပ်မှ ကိုယ်စားရတဲ့ လောကကြီးမှာ သူများ ပေးစာကမ်းစာကို မမျှော်လင့်ကြပါနဲ့။ ပေးစားကမ်းစာတိုင်းဟာ နောင်ကြိုး မလွတ်ကြပါဘူး။ကိုယ်ကျိုး အတွက် နိုင်ငံကို ဒုက္ခတောထဲ တွန်းပို့နေသူတွေ ရှိနေတယ်။

အားမာန်ပြည့်ပြီး ကျန်းမာသန်စွမ်းတဲ့ ခေတ်လူငယ်တွေသာ နိုင်ငံချစ်စိတ် အမျိုး ဘာသာ သာသနာ ကို ချစ်တဲ့ စိတ် မရှိကြရင် နောင် ဆယ်စုနှစ် နှစ်ခုလောက်ဆိုရင် "မြန်မာဆိုတဲ့နိုင်ငံဟာ ကမ္ဘာမှာ ပျောက်လို့ boundary မရှိတဲ့ ကုန်းမြေ၊ လူမျိုးဟာလည်း state less နိုင်ငံမဲ့လူမျိုး".. အဖြစ်ရောက်ကြရမှာပါ။

ဒါကြောင့် ဒို့ တစ်တွေအားလုံး ရန်မဖြစ်ကြတော့ပဲ စည်းလုံးကြရင် ကြိုးစားကြရင်..အမှီအခိုကင်းတဲ့ နိုင်ငံ ဖြစ်လာမှာပါ။
ဖီးနစ်ငှက်ဟာ ပြာပုံ မီးပုံထဲကနေ ရုန်းထ ခဲ့တယ် ဆိုတာ ဒဏ္ဍာရီ ပုံပြင် တစ်ခုပါ။ 

နိုင်ငံပျက်လို့ မဖြစ်ပါဘူး။ ပြန် တည်ထောင်ဖို့ဆိုတာ အရှေ့အလယ်ပိုင်းက နိုင်ငံတွေရဲ့ ဖြစ်စဉ်တွေကို သာဓကကြည့်ကြပါ။ အစ္စရေး ဟာ မာကျောနေတယ် ဆိုတာ သူတို့လူမျိုးရဲ့ စွမ်းဆောက်ရည်မြင့်မားမှုကြောင့်ဖြစ်သလို (အာရပ်ကမ္ဘာကို ထိန်းချုပ်ဖို့ အတွက်) US က သူ့ကို အပြည့်ထောက်ပံ့ပေးကမ်းထားတာလည်း ရှိနေလို့ပါ။

နိုင်ငံတော် ကို မပျက် ပျက်အောင်ဆောင်ရွက်နေသူတွေကိုလည်း တားဆီးပြီး အရှေ့တောင်အာရှမှာ စွမ်းအားပြည့်ပြည့်နဲ့ ထွန်းတောက်လာမယ့် နိုင်ငံဖြစ်အောင် ဝိုင်းဝန်းကြိုးစားမှသာ နှောင်ကြိုးမဲ့ လွတ်လပ်တဲ့ နိုင်ငံဖြစ်လာမှာပါ။ 
ဒီ တာဝန်ဟာ ကျွန်တော်အပါအဝင် နိုင်ငံသား အားလုံးရဲ့ တာဝန်ပါ။
စည်းလုံးညီညွတ်စွာနဲ့ ကြိုးစားကြပါစို့။

Post a Comment

Previous Post Next Post