အသိဥာဏ် နဲ့ ပညာ ၂ခုပေါင်းစပ်ထားတာပါ။
Knowledge နဲ့ Wisdom ပေါ့
(အသိဥာဏ်)Knowledge ဆိုတာ
လေ့လာသင်ယူမှုကနေ ရနိုင်တယ်....။
ပညာ(Wisdom) ကြတော့ လေ့လာသင်ယူခဲ့တဲ့
အသိဥာဏ်(knowledge )ကို လက်တွေ့အသုံးချပြီးမှ ရရှိလာတဲ့ အတွေ့ကြုံကနေ ပညာဆိုတာရတယ်...။
သိပ္ပံနည်းပညာရှင်တွေတောင်မှ
နည်းပညာ ဆိုတဲ့ဝေါဟာရကို
ရှာဖွေတွေ့ရှိခြင်းက နည်း' ဖြစ်ပြီး
လက်တွေအသုံးချခြင်းက ပညာ' လို့ဖွင့်ဆိုကြပါတယ်။
ဥပမာပြောရရင်-
ယာဥ်မောင်းသင်တန်းမှာ ယာဥ်မောင်းသင်ခဲ့တာက
အသိဥာဏ်၊
လက်တွေ့ ကားလမ်းပေါ်မှာမောင်းနှင်ရင်း
ကိုယ်တိုင်မောင်းနှင်တာက ပညာ လို့ ဆိုနိုင်ပါတယ်။
ကျောင်းမှာသင်ခဲ့ရတဲ့ စာတွေက အသိဥာဏ်၊
ဘွဲ့ရပြီး ကျောင်းမှာသင်ခဲ့ရတဲ့ စာတွေနဲ့
လက်တွေ့ဘဝထဲ အလုပ်လုပ်ရင်းရရှိတာက ပညာ...
ဒီလိုမျိုး ခွဲခြားမြင်မိပါတယ်...။
ဒါဆို အသိဥာဏ် ရှိရင် ပညာ ရှိနိုင်လား..? လို့
မေးစရာရှိလာပါတယ်...
`` ရှိနိုင်ပါတယ်"သို့သော် အသိဥာဏ် နဲ့ ပညာ
ကြားထဲမှာ မောဟ ဆိုတဲ့ တွေဝေခြင်းကို
ဖြက်ကျော်နိုင်မှရမယ်...။
မောဟ ဆိုတဲ့ တွေဝေမှုဟာ ယာဥ်မောင်းသင်တန်းရဲ့ စာမေးပွဲနဲ့အလားသဏ္ဍာန်တူပါတယ်...။
ကျောင်းသားတစ်ယောက် ရဲ့ နောက်ဆုံးစာမေးပွဲနဲ့
အလားသဏ္ဍန်တူပါတယ်...။
မောဟကို မကျော်ဖြက်နိုင်ပဲ တွေဝေနေရင်
ပုစ္ဆာ တွေမှားမယ်၊ ယာဥ်တိုက်မှုတွေဖြစ်ကုန်ပါ့မယ်..။
ဒါကြောင့် အသိဥာဏ် ကနေ ပညာရဖို့
မောဟဆိုတာကိုဖြက်ကျော်နိုင်မှ ရမယ်လို့ ပြောတာပါ။
အထက်တန်းမှာသင်ခဲ့ရတဲ့ ဆရာသော်တာဆွေရဲ့ ``မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်း" ဆိုတဲ့ဝတ္တုတိုလေးကို
မှတ်မိကြမယ်ထင်ပါတယ်...။
ရွာသူကြီးဦးအောင်ဒွန်းဟာ သူရသတ္တိနဲ့ပြည့်စုံလွန်းလှတဲ့
လူတစ်ယောက်ဖြစ်ပေမယ့် ဘိန်းစားဖိုးဆိုင်ရဲ့
ဇနီးဖြစ်သူမချောဖြူ နဲ့ ငြိတွယ်ပြီး ဖိုးဆိုင်ကို
ဆေးမှုနဲ့ ထောင်ချလိုက်ကာ မချောဖြူကို
အပိုင်သိမ်းတာကြောင့် တရွာလုံးက သူကြီးဦးသာဒွန်းကို
အရင်လို ကြောက်ချစ်ရိုသေမှု မရှိကြတော့ပဲ ဖယ်ကြဥ်လာကြပါတယ်....။
နောက်တစ်နေ့ဖိုးဆိုင်ရဲ့ အမေဖြစ်သူ
အသက် ၆၀ ကျော် အဖွားက အိမ်ရှေ့ဓားကိုင်ကာ
လာရောက်သောင်းကျန်းစိန်ခေါ်တာကို
သေနပ်နှလုံးပြူကိုင် သူရသတ္တိနဲ့ ပြည့်စုံခဲ့တဲ့
ဦးသာဒွန်းကြီး အခန်းတံခါးပိတ်ကာ နှုတ်ဆိတ်နေရုံကလွဲ၍ ဘာမျှ ပြန်လည်ရင်ဆိုင်တုံ့ပြန်ခြင်းမရှိတော့ဘူး။
တခြားအရပ်ဒေသကို ပြောင်းရွေ့သွားရပြီး
နောင်တတွေနဲ့ သေဆုံးသွားခဲ့တယ်။
အသိဥာဏ်နဲ့ရဲ့ရင့်လှတဲ့ ဦးသာဒွန်း မောဟကြောင့်တွေဝေပြီးမှားတဲ့ခါ ပညာမဲ့ပြီး မိုက်ဇာတ်ပဲသိမ်းခဲ့ရတယ်မလား...?
ဘုရားရှင်လက်ထက်တော်က တော်လွန်းတက်လွန်းလှတဲ့ မလ္လိကာမိဖုရားဟာ ခွေးတစ်ကောင်အပေါ်မှာ သာယာမိတဲ့ မိမိ အမှားကို ကောသလမင်းရဲ့ အမှားအဖြစ်မာယာနဲ့ လှည့်စားမိတဲ့အပြစ် ကြောင့် နတ်ပြည်တန်းသွားရမယ့် မလ္လိကာဟာ ငရဲပြည်ရောက်ခဲ့ရတယ်မလား...?
အိုစမာဘင်လာဒင်သည် လည်း ဘွဲ့ရပညာတက်ပြီး စကားပြောယဥ်ကျေးသိမ်မွေ့သူပါပဲ သို့သော် အကြမ်းဖက်သမားဖြစ်ခဲ့ပြီး မိုက်ဇာတ်သိမ်းခဲ့ရတာမလား...?
အသိဥာဏ်သာ ရှိပြီး တေဝေခြင်းနဲ့ မှားတဲ့အခါ
ပညာဖြစ်မလာတဲ့ အသိဥာဏ်ဟာ အချည်းနှီးပါပဲ...။
အသိဥာဏ်ကို ပညာအဖြစ်မပြောင်းလဲနိုင်တဲ့အခါ
အသိဥာဏ်ဟာ အဖျက်စွမ်းအားပြင်းတဲ့
အရာတစ်ခုသာ ဖြစ်သွားနိုင်တာကို သတိပြုဆင်ခြင်ပါ။
ဦးသာဒွန်း မှားတဲ့အခါ သူ့ရဲ့ ရဲရင့်ခြင်းတွေ ဟာ
အသက် ၆၀ ကျော် အဖွားအို ကိုတောင် မရင်ဆိုင်ရဲခဲ့ဘူး
မလ္လိကာ မှားတာ အပြစ်မကြီးလေးခဲ့ဘူး
မိမိအမှားကို ဝန်မခံပဲ လွဲချခဲ့ခြင်းက ငရဲကျစေခဲ့တာပါ။
မည်သည့် တက္ကသိုလ်၊ မည်သည့်ဘွဲ့ရ၊ မည်ကဲ့သို့ဆုတံဆိပ်တွေ၊ မည်မျှအောင်မြင်သူ၊ ထောက်ခံမှုတွေမည်မျှရနေသူဖြစ်ပါစေ....
တွေဝေခြင်းနဲ့မှားယွင်းတဲ့ခါ ရင်မဆိုင်ရဲ ဖြေမရှင်းရဲနဲ့ အမှားေတွကိုလွဲချရင်းသာ နေရင် မိုက်ဇာတ်အပြင် သမိုင်းပါကောက်ကွေ့ရပါတော့မယ်....
မှန်ကန်ခြင်းမရှိတဲ့ခါ ရဲရင့်မှုတွေပျောက်ဆုံးခဲ့ရတယ်
Freedom form fear ဆိုတာ စိတ်ကူးယဥ်ဇာတ်လမ်းတစ်ခုသာဖြစ်သွားမှာပါ...။
ဥာဏ်တွေကောင်းလွန်းခဲ့တဲ့အခါ ပညာပါမဲ့ခဲ့ရတယ်
ဆိုတာကို ကြီးစွာ သတိချပ်စေလိုပါတယ်....။
နှမြောစရာကောင်းလွန်းပါတယ်...။
အမှားကိုသိပြီး ပြင်ဆင်လိုသူအတွက်
နောက်ကျခြင်းဆိုတာမရှိပါဘူး.....
ဒါ့ကြောင့် အသိဥာဏ် ကို သတိဖြင့်ထိန်းပြီး
ပညာဖြင့်ချွန်းအုပ်နိုင်ကြပါစေလို့ တောင်းဆုခြွေလိုက်ပါတယ်....🙏🙏🙏
#Thazin_Oo
Post a Comment