အားသာချက်နဲ့အနာဂတ်မြန်မာနိုင်ငံ


" Geo politic #အားသာချက်နဲ့အနာဂတ်မြန်မာနိုင်ငံ..."

Geo politic ကိုကျွန်တော်စတင်စိတ်ဝင်စားလို့လေ့လာမိတာ၂၀၁၁ ခုနှစ်လောက်ကတည်းက...

ကံကောင်းခြင်တော့ကျွန်တော့်နယ်မြေမှာ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကျင်းပတော့လာမဲဆွယ်တဲ့ပါတီတွေကိုစည်းရုံးရေးမဲဆွယ်ကာလမှာGeo politic နဲ့ပက်သက်တဲ့သူတို့ရဲ့အမြင်..သူတို့ပါတီတွေရဲ့ရှေ့လုပ်ငန်းစဉ်လျာထားချက်တွေကိုမေးခဲ့ဘူးတယ်...

အဲဒီတုန်းကNLD ကဒေါက်တာမျိုးအောင်နဲ့ NDF ပါတီဥက္ကဌဦးခင်မောင်ဆွေတို့ကိုကျွန်တော်ကိ်ုယ်တိုင်မေးခဲ့တယ်...ဒေါက်တာမျိုးအောင် ရဲ့Geo politic အပေါ်သူရဲ့အမြင် ဟာအင်မတန်အားနည်းချက်တွေနဲ့ဘာမှရေရှည်အတွက်ပြင်ဆင် ထားတဲ့စီမံကိန်းတွေမရှိပဲခေါင်းဆောင်လုပ်သူတစ်ဦးတည်းရဲ့လမ်း ညွှန်ချက်နဲ့ပဲသွားမယ်ဆိုတဲ့planကိုသာအဲဒီအချိန်ကတည်းကသိခဲ့ရတယ်...

ဦးခင်မောင်ဆွေကတော့အထိုက် အလျောက်ရေရှည်လုပ်သင့်တာတွေကိုယေဘူယျပြောကြားခဲ့ပေမဲ့နိုင်ငံရေးအမြင်နဲ့ခံယူချက်တွေမှာဒေါက်တာမျိုးအောင်ထက်အများကြီးသာတာသတိပြုမိခဲ့ပါတယ်...

အရင်ကတည်းကGeo politic နဲ့ပက်သက်လို့ကျွန်တော်၃..၄ပုဒ်လောက်ရေးခဲ့ဘူးပါတယ်...သဘာဝကပေးအပ်ထားတဲ့နယ်မြေဖြစ်တည်မှူအရအားသာချက်တွေကိုအသုံးချနိုင်ဖို့ကိုယခင်ဦးသိန်းစိန်လက်ထက်ကတည်းကတိုက်တွန်းခဲ့ပေမဲ့အခြေအနေအကြောင်းရပ်အမျိုးမျိုးတို့ကြောင့်ယခုနစကလက်ထက်ရောက်မှကောင်းကောင်းအသုံးချဖြစ်တာကိုလက်တလောအနေအထားများအရသိခဲ့ရပါတယ်...

မြန်မာနိုင်ငံအတွက်ရှည်လျားတဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ် ကမ်းရိုးတန်းတွေရှိနေခဲ့တာဟာတရုပ်..အမေရိကန်နဲ့ရုရှားတို့ အဖို့ အင်မတန်မျက်စိကျစရာဖြစ်နေခဲ့တာဆယ်စုနှစ်ပေါင်းများစွာကတည်းကပါ...

ယခင်လွတ်လပ်ရေးရပြီးကတည်းကတရုပ်ပြည်ကနေခွဲထွက်လာတဲ့ချန်ကေရှိတ်တပ်တွေနိုင်ငံရဲ့ရှမ်းပြည်နယ်ဖက်ကိုကျော်လွန်ရောက်ရှိလာစဉ်ကတည်းကအမေရိကန်တွေရဲ့ချန်ကေရှိတ်တပ်တွေအပေါ်ပြောင်ပြောင်တင်းတင်းကူညီပေးခဲ့တဲ့လုပ်ရပ်တွေကြောင့်အမေရိကန်နဲ့မြန်မာအစိုးရဆက်ဆံရေးဟာခေတ် အဆက်ဆက်ကတည်းကအဆင် မပြေခဲ့လို့လက်တလောအနေအထားတွေအထိမြန်မာပိုင်နက်ကိုအသုံးပြုပြီးအိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကိုသုံးဖို့ဆိုတာစေတနာမမှန်တဲ့အမေရိကန်တွေနဲ့ဘယ်လိုမှမဖြစ်နိုင်တော့ပါ...

တရုပ်ဖက်ကိုကြည့်ပြန်တော့လည်းဘရွှေကြီးလက်ထက်ကတည်းကအနောက်ရဲ့ပိတ်ဆို့မှူတွေကြောင့်တရုပ်နဲ့ပိုပြီးနီးကပ်သွားခဲ့ရပေမဲ့အဲဒီအချိန်ကတည်းကတရုပ်ရဲ့မြန် မာအပေါ်ဂျင်းထည့်နေတာတွေကြောင့်ဘရွှေကြီးရဲ့ရေရှည်မျှော်မှန်းချက်တွေအရရုရှားထံစစ်ပညာတော်သင်ပို့လွှတ်ခဲ့ပြီးလိုအပ်နေတဲ့လူသားအရင်းအမြစ်ဆိုင်ရာတွေတူတူတန်တန်ပြည့်စုံလာတဲ့အချိန်ရောက်တော့မှရုရှားနဲ့မဟာမိတ်ဖွဲ့လို့့ခေတ်မီစစ်လက်နက်တွေဖြည့်တင်းခဲ့တဲ့အကျိုးဆက်နဲ့အတူ...

ရုရှားသမ္မတပူတင်ရဲ့၂၀၂၁-၃၀စီမံကိန်းအရအိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရှိဖို့နဲ့အရှေ့တောင်အာရှနိုင်ငံတွေနဲ့စစ်ရေးမဟာမိတ်တိုးချဲ့ဖို့စီမံကိန်းမှာGeo politic အားသာချက်အပြည့်ရှိနေတဲ့ကျွန်တော်တို့နိုင်ငံအဖို့ ကံကောင်းခြင်းများစွာနဲ့အနာဂတ် လမ်းဟာပွင့်လင်းလို့လာခဲ့ရပါတယ်...(ပုံ..၁)...

လက်ရှိအိန္ဒိယသမုဒ္ဒရာထဲကိုကြည့်လိုက်ရင်အမေရိကန်နဲ့အနောက်အုပ်စုအထူးသဖြင့်သြစတြေလျတို့ရဲ့ရေတပ်ဖြန့်ကျက်မှူတွေကိုအထင်းသားတွေ့မြင်နိုင်ပြီးရုရှားတို့ရဲ့အနာဂတ်စီမံကိန်းမှာမြန်မာဟာအရေးကြီးအစိတ်အပိုင်းအဖြစ်ပါဝင်နေပါတယ်...( ပုံ..၂)

#လက်ရှိရောက်ရှိနေတဲ့ရုရှားရေတပ်ဒုဦးစီးချုပ်နဲ့အတူပူတင်ရဲ့အမိန့် #နဲ့ဖွဲ့စည်းထားတဲ့ရုရှားလက်နက် များရောင်းချရေးအဖွဲ့ကထိပ်တန်းပုဂ္ဂိုလ်လည်းအတူပါလာတာမို့သေချာတာကရေတပ်လက်နက်ပစ္စည်းများပိုမိုရရှိလာမှာကတော့ကြိမ်းသေနေပါပြီ...

မြန်မာတပ်မတော်ရေအတွက်အသစ်ဆက်ဆက်ဖြစ်တဲ့kilo class ရေငုပ်သဘောင်္များနဲ့အတူရေတပ်သုံးတိုက်ခိုက်ရေးရဟတ်ယာဉ်KA52တွေကတော့မကြာခင်ရောက်ရှိလာတော့မှာကတော့သေချာနေပါတယ်...#နောက်ထက်ဘယ်လိုလက်နက်အသစ်တွေထပ်ရလာမလဲ ဆိုတာကတော့လျှို့ဝှက်လွန်းတဲ့တပ်မတော်ဖြစ်နေလို့စောင့်ကြည့်ရမှာပါ...

တိုင်းပြည်ရဲ့ဘဏ္ဍာငွေအနေအထားတွေကြောင့်ရုရှားရဲ့အဓိကလက်နက်ဝယ်တဲ့တိုင်းပြည်တွေထဲမှာမြန်မာမပါဝင်ပေမဲ့မြန်မာနဲ့ရုရှားတို့ ရဲ့တူညီတဲ့ရည်မှန်းချက်တွေအရအရှေ့တောင်အာရှရဲ့မြန်မာပိုင်နက်မှာရုရှားမြန်မာ၂နိုင်ငံအတွက်ရေပြင်..မြေပြင်...လေပိုင်နက်တွေကာကွယ်ဖို့အတွက်စီမံကိန်းတွေနဲ့အတူစီးပွားရေးအင်အားပါခိုင် မာအောင်တည်ဆောက်ဖို့စတင်နေပါပြီ...(ပုံ...၃..၄)

လက်ရှိရခိုင်ကမ်းလွန်လုပ်ကွက်တစ်ခုမှာတောင်ရုရှားရေနံကုမ္မဏီတစ်ခုကဖက်စပ်လုပ်ကိုင်လျက်ရှိနေပြီးနောက်ထပ်ရေနံ...နဲ့အကြီးစားစက်မှူလုပ်ငန်းတွေမှာအများအပြားဝင်ရောက်လာတော့မှာဖြစ်ပြီးစားသောက်ကုန်ထုတ်လုပ်ငန်းတွေလည်းမြန်မာမှာစက်ရုံတည်ပြီးအရှေ့တောင်အာရှစျေးကွက်ထဲကိုထိုးဝင် ဖို့စတင်ပြင်နေကြပါပြီ...

ဒါတွေဟာအနှစ်နှစ်အလလကကျွန်တော်တို့မျှော်မှန်းနေခဲ့တဲ့Geo politic #အားသာချက်ကိုအသုံးချခြင်တဲ့အိမ်မက်တွေကိုဘရွှေကြီးလက်ထက်ကအုတ်မြစ်ချခဲ့ပြီးယခုနစ ကလက်ထက်မှာရုပ်လုံးပေါ်လာခဲ့တာဖြစ်ပါတယ်...

ဒီလိုဖြစ်လာဖို့ဖိအားပေါင်းများစွာ...အခက်အခဲပေါင်းများစွာအောက်မှာရင်ဆိုင်ခဲ့ရပြီးယခုလည်းရင် ဆိုင်နေရဆဲပါ....အဓိကအမေရိကန်နဲ့အပေါင်းပါတွေရဲ့တိုက်ခိုက် မှူ...ဒုတိယတရုပ်တို့ရဲ့လိုတစ် မျိုး..မလိုတစ်မျိုးမူဝါဒကိုရင်ဆိုင်နေရမှူ...#တတိယအာဆီယံတိုင်းပြည် အချို့တွေရဲ့သူတို့ထက်သာသွားမှာကိုမနာလိုမရှူစိမ့်မှူတွေကြောင့်ဒေသတွင်းဖိအားပေးမှူတွေကိုလောလောဆယ်မြင်တွေ့နေရတာတွေကသက်သေ...

အများကြားကောင်းအောင်စစ်တပ်ကအာဏာသိမ်းလို့ပြည်သူတွေအတွက်ကူညီပေးနေရတာပါလို့အသံကောင်းဟစ်နေတဲ့အမေရိကန် နဲ့အာဆီယံတိုင်းပြည်အချို့ရဲ့လုပ်ရပ်ဟာမစားရတဲ့အမဲသဲနဲ့ပက်နေတဲ့ပေါ်လစီအရမြန်မာအပေါ်သဲသဲ မဲမဲတိုက်ခိုက်နေတာကိုရှူမြင်တတ် ဖို့လိုပါတယ်...

တစ်ကမ်းတမ်းမြန်မာပြည်သူတွေကိုကူညီခြင်တဲ့စေတနာမှန်ရှိရင် အမေရိကန်နဲ့အပေါင်းပါတွေ...#သူရဲ့နောက်လိုက်အာဆီယံနိုင်ငံအချို့တွေအဖို့မြန်မာပြည်သူတွေအတွက်ကိုဗစ်ကာကွယ်ရေးဆေးဝါးတွေ...ကိုဗစ်ကြောင့်ရပ်တန့်နေရတဲ့မြန်မာပြည်တွင်းကလုပ်ငန်းငယ်လေးတွေအတွက်ထောက်ပံ့ငွေတွေအများကြီးကူညီလို့ရနေပေမဲ့တစ်ခုမှရောက်မလာပဲသူတို့ကိ်ုယ်ကျိုးအတွက်အသုံးချလို့ရနေတဲ့EAOတစ်ချို့နဲ့အကြမ်းဖက်အဖွဲ့တွေထံကိုသာကူညီနေတာကိုကြည့်ရင်...

ဘယ်သူတွေကမြန်မာနိုင်ငံအတွက်ဖျက်ဆီးနေပြီးဘယ်သူတွေကကူညီနေတာလည်းဆိုတာသိမြင်နိုင်လောက်ပါပြီ...

ဘယ်သူတွေကဘယ်လိုပဲတိုက် ခိုက်နေပါစေ...မြန်မာကတော့အနာဂတ်အတွက်အကျိုးတူပူးပေါင်းမှူတွေနဲ့အတူဒေသတွင်းမှာအားကောင်းတဲ့နိုင်ငံတစ်ခုအဖြစ်ပြောင်းလဲလာတော့မှာပါ...ပြည်သူတွေအဖို့လည်းဒီထက်ကိုနိုင်ငံရေးအသိ..#အမြင်တွေကြွယ်ဝလာဖို့ကြိုးစားထားရတော့မှာပါ...#ဒါမှသာတိုင်းပြည်နဲ့အတူပြည်သူတွေရဲ့ဘဝလူနေမှူစနစ်တွေမြင့်တက်လာမှာပါ...

#ဒါကြောင့်ပြည်သူတွေကိုယ်တိုင်နိုင်ငံရေးပညာရပ်တွေကိုလေ့လာပါ..သင်ယူပါ...#ဒါမှသာအမျိုးသားအကျိုးစီးပွားဆိုတာ...ဘယ်လိုလုပ်ယူရတယ်ဆိုတာတွေသိနားလည်လာမှာပါ....

0251021
26.10.21 11:53



Post a Comment

Previous Post Next Post