တ ရုတ် နဲ့ အ မေ ရိ ကန် က သ မ္မ တ ဟောင်း ထ ရမ့် လက် ထက် က စ ပြီး တ ရား ဝင် ပြိုင် ဆိုင် လာ ကြ တယ် ။
ပြိုင် တာ က သြ ဇာ ပို ကြီး အောင် ။ ဆိုင် တာ က စစ် ရေး စီး ပွား ရေး ချင်း ခေါင်း ချင်း ဆိုင် ထား တာ ။
သူ တို့ ၂ ယောက် ရဲ့ စစ် မြေ ပြင် က အာ ရှ ဒေ သ ။
အ ရင် ကာ လ က အ မေ ရိ ကန် ရဲ့ ပြိုင် ဖက် က ဆို ဗီ ယက် ရု ရှား ။ အ ခု ဆို ဗီ ယက် ယူ နီ ယံ ကြီး ပြို ကွဲ သွား တော့ ရု ရှား အင် အား နည်း သွား တယ် ။ ဒါ ကြောင့် နောက် ထပ် ဆို ဗီ ယက် ယူ နီ ယံ လို အင် အား တောင့် လာ တဲ့ တ ရုတ် နိုင် ငံ ကို ဖြို ဖို့ အ မေ ရိ ကန် ကြိုး စား လာ တယ် ။
အ မေ ရိ ကန် က ရု ရှား ကို ဖြို တာ ဆို ဗီ ယက် ယူ နီ ယံ သ မ္မ တ ဂေါ့ ဘား ချောခ်ျ ကို ငြိမ်း ချမ်း ရေး နို ဘယ်လ် ဆု ပေး အ ပြီး မှာ အောင် မြင် ခဲ့ တယ် ။ အ ဆင့် ဆင့် ကြို တင် ပြင် ဆင် ခဲ့ ကြ တယ် ဆို ပေ မယ့် အ များ ကြီး မ ပေး ဆပ် ခဲ့ ရ ဘူး ။
အ ခု တ ရုတ် ကို ဖြို ဖို့ လုပ် တော့ ရု ရှား ကို ဖြို သ လို နည်း နဲ့ မ ရ နိုင် သ လို အဲ့ လောက် အ ရင်း နဲ့ လည်း မ ရ နိုင် တော့ ဘူး ။ သ မ္မ တ ထ ရမ့် လက် ထက် က အ သာ စီး ရ ထား တဲ့ ဟောင် ကောင် တောင် အ ခု တ ရုတ် လက် ထဲ ရောက် သွား ပြီ ။
ရု ရှား က အ ခု ထိ စီး ပွား ရေး ကို ရေ နံ နဲ့ သ ဘာ ဝ ဓာတ် ငွေ့ ရယ် လက် နက် ရောင်း တာ ရယ် က လွဲ ရင် ကြီး ကြီး မား မား လွှမ်း ခြုံ ထား နိုင် တာ မ ရှိ သေး ဘူး ။ တ ရုတ် က က မ္ဘာ့ စီး ပွား ရေး ကို တော် တော် ကြီး ထိမ်း ချုပ် ထား နိုင် ပြီး ပြီ ။
တ ရုတ် လဲ ရင် အ မေ ရိ ကန် ပါ အ များ ကြီး ထိ ခိုက် သွား လိမ့် မယ် ။ သ မ္မ တ ထ ရမ့် တ ရုတ် ကို ကုန် သွယ် ရေး စစ် စ လုပ် ပြီး အ ခွန် တိုး ကောက် မယ် ဆို တာ နဲ့ ထ ရမ့် ရဲ့ သ မီး က တ ရုတ် နိုင် ငံ က သူ့ ပိုင် ကုန် ပ စ္စည်း သ င်္ဘော ပေါင်း များ စွာ နဲ့ အ လျှင် အ မြန် တင် သွင်း ခဲ့ ရ တယ် ။ ဒါ ကို ကြည့် ရင် အ မေ ရိ ကန် တွေ တ ရုတ် အ ပေါ် မှီ ခို နေ ရ တာ တွေ ရှိ တယ် လို့ သိ နိုင် တယ် ။
ဒါ ကြောင့် အ မေ ရိ ကန် တို့ တ ရုတ် နိုင် ငံ ကို ဆို ဗီ ယက် ယူ နီ ယံ လို လဲ သွား အောင် အ ထိ လုပ် မယ် ဆို တာ ကံ သေ ကံ မ ပြော လို့ မ ရ ဘူး ။
ဘယ် လို ဖြစ် ဖြစ် စစ် မြေ ပြင် ဖြစ် တဲ့ အ ရှေ့ အာ ရှ ၊ တောင် အာ ရှ ၊ အ ရှေ့ တောင် အာ ရှ တွေ မှာ အ ပြိုင် အ ဖွဲ့ တွေ ဖွဲ့ နေ ရာ ယူ လုပ် လာ ကြ တာ အ ခု နောက် ဆုံး AUKUS အ ဖွဲ့ ဖွဲ့ တာ နဲ့ အာ ဆီ ယံ ကို အ ပြိုင် လု တာ တွေ ဖြစ် လာ တယ် ။
အာ ဆီ ယံ ကို ရ တဲ့ နိုင် ငံ က သာ နိုင် လိမ့် မယ် ။ အ မေ ရိ ကန် ရ ရင် တ ရုတ် ကို ပိတ် ဆို့ ဖို့ လွယ် သွား ပြီ ။ တ ရုတ် ရ ရင် အ မေ ရိ ကန် ရေ ထဲ က သာ အော် နိုင် လိမ့် မယ် ။
လော လော ဆယ် တ ရုတ် က အာ ဆီ ယံ ကို အ သာ ရ ထား တယ် လို့ ပြော လို့ ရ တယ် ။ နယ် နိ မိတ် တွေ က ပြောင်း လို့ မ ရ ဘူး ။ လာ အို ၊ က မ္ဘော ဒီး ယား ကို တ ရုတ် က အ ပိုင် ချီ နှောင် ထား နိုင် ခဲ့ ပြီး ဖိ လစ် ပိုင် နဲ့ မြန် မာ လည်း တ ရုတ် ရဲ့ က စား ကွက် အောက် က နိုင် ငံ တွေ ။
ပ ထ ဝီ အ နေ အ ထား အ ရ တ ရုတ် နဲ့ ထိ စပ် နေ တဲ့ နိုင် ငံ တွေ က အ မေ ရိ ကန် ဖက် အ ကုန် ပါ သွား ရ ခက် တယ် ။ ထိုင်း နိုင် ငံ မှာ မြစ် ရေ လမ်း ကြောင်း လွှဲ တဲ့ စီ မံ ကိန်း ကို ၂ ကြိမ် တိုင် တိုင် ပယ် ချ ပြီး အ ခု နောက် ဆုံး တ ရုတ် စစ် လက် နက် ပ စ္စည်း ထုတ် တဲ့ ကု မ္ပ ဏီ Norinco ကို လုပ် ခွင့် ပေး ခဲ့ ရ တယ် ။
သ ဘာ ဝ ပတ် ဝန်း ကျင် ကို အ ကြောင်း ပြ ပြီး ကန့် ကွက် ခဲ့ ပေ မယ့် တ ရုတ် ဖက် က အ မျိုး မျိုး ဈေး ဆစ် ပြီး ရ အောင် လုပ် နိုင် ခဲ့ တယ် ။ လုပ် ခွင့် မ ပေး ရင် လည်း တ ရုတ် အ စိုး ရ ဖိ အား ပေး လာ ပါ တော့ မယ် ။
အ မေ ရိ ကန် နဲ့ ကော် ဘ ရာ ( Cobra ) စစ် ဆင် ရေး ဘယ် နှစ် ကြိမ် လုပ် လုပ် ထိုင်း တို့ တ ရုတ် ကို အ လွန် အ ကျွံ ပြစ် ပယ် လို့ မ ရ ပါ ဘူး ။ ဒါ ပ ထ ဝီ နိုင် ငံ ရေး ပါ ပဲ ။
လူ ဦး ရေ သန်း ၆၀၀ လောက် ရှိ တဲ့ အာ ဆီ ယံ က မ စည်း လုံး သ လို နိုင် ငံ ရေး ခံ ယူ ချက် တွေ လည်း မ တူ ကြ ဘူး ။
ကွန် မြူ နစ် ၂ နိုင် ငံ ( လာ အို ၊ ဗီ ယက် နမ် ) ၊ တင်း ကြပ် တဲ့ ရှီ ရား ယား ဥ ပ ဒေ နဲ့ အုပ် ချုပ် တဲ့ ဘု ရင် နိုင် ငံ ၁ ခု ( ဘ ရူ နိုင်း ) ၊ အာ ဏာ ရှင် နိုင် ငံ ၁ ခု ( က မ္ဘော ဒီး ယား ) ၊ Semi အာ ဏာ ရှင် ၁ နိုင် ငံ ( စ င်္ကာ ပူ ) နဲ့ မြန် မာ ၊ မ လေး ရှား ၊ ဖိ လစ် ပိုင် ၊ အင် ဒို နီး ရှား ၊ ထိုင်း တို့ နဲ့ ဖွဲ့ စည်း ထား တယ် ။
ရှီ ရား ယား ဥ ပ ဒေ က လူ့ အ ခွင့် အ ရေး မ ရှိ ဘူး လို့ ဘ ရူ နိုင်း နိုင် ငံ ကို သွား ပြော လို့ မ ရ သ လို ၊ ရွေး ကောက် ပွဲ လုပ် မ ပေး တာ ဒီ မို က ရေ စီ မ ရှိ ဘူး လို့ ဗီ ယက် နမ် နဲ့ လာ အို ကို သွား ပြော လို့ မ ရ ဘူး ။ ရွေး ကောက် ပွဲ တော့ လုပ် ပေး ပြီး မင်း ချည်း ပဲ အာ ဏာ ယူ ထား တယ် လို့ က မ္ဘော ဒီး ယား နဲ့ စ င်္ကာ ပူ ကို သွား ပြော လို့ မ ရ ဘူး ။
အဲ့ လို တ ယောက် တ မျိုး ဖြစ် နေ တဲ့ အ ဖွဲ့ အ စည်း တ ခု ကို တ ရုတ် နဲ့ အ မေ ရိ ကန် က အ ပြိုင် လက် အောက် ခံ လုပ် ဖို့ ကြိုး စား နေ ကြ တာ ။
လာ အို က မ္ဘော ဒီး ယား က တ ရုတ် ရဲ့ အ မိန့် ပဲ ။ ဘ ရူ နိုင်း မ လေး ရှား အင် ဒို နီး ရှား တို့ က အ မေ ရိ ကန် ဖက် ကို ပါ ချင် တယ် ။ စ င်္ကာ ပူ ဗီ ယက် နမ် ထိုင်း က အ မေ ရိ ကန် ဘက် က ။ ဖိ လစ် ပိုင် မြန် မာ က အ ရိပ် အ ခြေ ကြည့် နေ တဲ့ နိုင် ငံ တွေ ။
နယ် နိ မိတ် အ ရ ဖွဲ့ ထား တဲ့ အာ ဆီ ယံ မှာ ဘုံ သ ဘော တူ ညီ ချက် မ ရှိ ဘူး ။ ဖြစ် လာ ရင် အ ချင်း ချင်း အ ပြစ် ဖို့ ပြီး ကိုယ် လွတ် ရုန်း သူ တော် ကောင်း လုပ် ကြ တယ် ။ မ လေး ရှား လို နိုင် ငံ က လည်း မြန် မာ နိုင် ငံ ကို ဘာ သာ ရေး လူ မျိုး ရေး အ ဖု အ ထစ် တွေ ရှိ တယ် ။
နောက် တ ခု က AUKUS ဖွဲ့ တာ ကို မ လို လား ဘူး လို့ ယူ ဆ ရ တဲ့ ရု ရှား က လည်း စစ် ရေး ချိန် ခွင် လျှာ ညှိ ဖို့ အာ ဆီ ယံ ဖက် ကို လှည့် လာ တယ် ။ အာ ဆီ ယံ နဲ့ ပူး ပေါင်း ဆောင် ရွက် မယ် ဆို တာ ဖြစ် လာ ပြီး မြန် မာ နိုင် ငံ က နေ ခြေ ကုတ် စ ယူ မယ့် ဗျူ ဟာ ခင်း လာ တယ် ။ ( အာ ဆီ ယံ ထဲ က မြန် မာ နိုင် ငံ ကို ရ တဲ့ နိုင် ငံ လည်း အ သာ ရ ပါ လိမ့် မယ် ။ )
အာ ဆီ ယံ ထဲ မှာ ရု ရှား ဆီ က လက် နက် ဝယ် တာ မြန် မာ နဲ့ ဗီ ယက် နမ် ပဲ ရှိ တယ် ။ ရု ရှား ရဲ့ ပံ့ ပိုး ပေး မှု တွေ မြန် မာ နိုင် ငံ အ တွက် ဘယ် လောက် ရှိ နေ လဲ ဆို တာ မ သိ ပေ မယ့် အာ ဆီ ယံ က ဖယ် ထုတ် တာ ကို အ လေး မ ထား ပဲ နေ တဲ့ မြန် မာ နိုင် ငံ က ရု ရှား ဆီ က ဘယ် လို အာ မ ခံ ချက် တွေ ရ ထား လဲ စိတ် ဝင် စား ဖို့ ကောင်း တယ် ။
မ ကြာ ခင် အာ ဆီ ယံ EU အ စည်း အ ဝေး ရှ်ိ တယ် ။ အဲ့ ဒီ အ စည်း အ ဝေး ကို လည်း အ ခု န စ က အ စိုး ရ ကို ခေါ် မှာ မ ဟုတ် ဘူး လိူ့ အ သံ လွှင့် တယ် ။ တ ရုတ် က လည်း မြန် မာ နိုင် ငံ ရု ရှား ကို ပို နီး ကပ် သွား လို့ အာ ဆီ ယံ က တ ဆင့် ဖိ အား ပေး ဖို့ သူ့ တ ပည့် တွေ ကို ခိုင်း တယ် ။ အ မေ ရိ ကန် က လည်း အာ ဏာ ထိမ်း ထား လို့ ကော ၊ ဗျူ ဟာ အ ရ ကော ၊ သူ့ လူ တွေ အာ ဏာ ရ ရှိ ဖို့ ကော အ တွက် အာ ဆီ ယံ က သူ့ တ ပည့် တွေ က နေ တ ဆင့် ဖိ အား ပေး တယ် ။
မ ညီ ညွတ် ရင် အ လွယ် တ ကူ ခွဲ လို့ ရ တယ် ။ ရန် ငြိုး လို သ ဘော ထား ဆက် ဆံ နေ တဲ့ ကိ စ္စ တွေ ရှိ ပြီး ချ မှတ် ထား တဲ့ စည်း ကမ်း တွေ ကို သား ရေ ကွင်း လို လို သ လို ပုံ ဖော် နေ ရင် တ ချိန် ချိန် ခွာ ပြဲ သွား ကြ မှာ ပဲ ။ EU လို အ ဖွဲ့ က နေ တောင် ဗြိ တိန် ခွဲ ထွက် ခဲ့ သေး တာ ပဲ ။
ဒါ ကြောင့် တ ကယ် တန်း တ ရုတ် နဲ့ အ မေ ရိ ကန် ပြိုင် ပွဲ က ပြင်း ထန် လာ ခဲ့ ရင် ဆို ဗီ ယက် ယူ နီ ယံ ပြို ကွဲ သ လို တ ရုတ် နိုင် ငံ ဖြစ် သွား မှာ မ ဟုတ် ဘူး အာ ဆီ ယံ သာ ပြို ကွဲ သွား နိုင် ပါ လိမ့် မယ် ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
Post a Comment