လွှတ်တော်ကိုယ်စားလှယ် ၄၈၁ ယောက်ကို နိုင်ငံရေးပင်စင်ပေးဖို့ ကျပ်သန်းပေါင်း နှစ်ထောင့်လေးရာကျော် လျာထား
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင် ကျပ်သန်းပေါင်း ၂,၄၁၃ ဒသမ ၂၅၀ ချီးမြှင့်ဖို့အတွက်လျာထားတယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလ ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၁ ခုနှစ်၊ဇန်နဝါရီလ ၃၁ ရက်နေ့ထိ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ၃၁၈ ယောက်နဲ့အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၃ ယောက် (စုစုပေါင်း ၄၈၁ ယောက်)ရဲ့ ပင်စင်ကို ပြီးခဲ့တဲ့ ဧပြီလ ကတည်းက ပေးရမှာ ဖြစ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင်အဖြစ် တစ်လုံးတစ်ခဲတည်း ချီးမြှင့်မှာ ဖြစ်ကြောင်း သိရပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကတော့ မလျှောက်ထားကြသေးဘူးလို့ သိရပါတယ် ။
Post a Comment