အာဆီယံ မိုင်းနပ်စ် ဝမ်း သို့ သမိုင်းတခေတ်မှာ လမ်းသစ်စဖောက်လိုက်တဲ့ မြန်မာ
ဒီနေ့ ပထမနေ့ အစည်းအဝေးအပြီး အာဆီယံ ခေါင်းဆောင်တွေ ရဲ့ မှတ်ချတ်တွေ ပေါ်လာပါပြီ
၁ က အိမ်ရှင် အင်ဒိုက မြန်မာရဲ့ အာဆီယံ သံတမန် ကြိူးပမ်းအားထုတ်မှု ကို မကြိုဆိုတာ ကို နောင်တရမိပါတယ်တဲ့
၂ က မလေးက လက်ရှိ ဖြစ်ပေါ်မှုတွေ အတွက် အထူး ဝမ်းနည်းရပါတယ်တဲ့ မြန်မာကို အမေရိကန်နဲ့ဆန့်ကျင်ပြီး ၁၉၉၇ တုန်းက သူပဲ အာဆီယံထဲ ဆွဲခေါ်လာတာ
၃ က ကမ္ဘောဒီးယားက အာဆီယံက မြန်မာကို မပယ်ပါဘူးတဲ့ မြန်မာကသာ အာဆီယံကို ပယ်တာပါတဲ့ ကိုယ့်အခွင့်အရေးကို လက်လွတ်တာပါတဲ့ ခုတော့ မိုင်းနပ်စ် ဝမ်း ဖြစ်သွားပြီတဲ့
၄ ထိုင်းကတော့ မြန်မာ ကို အာဆီယံ က တကယ် ကူညီနေတယ်ဆိုတာကို ယုံကြည်လာဖို့ မျော်လင့်ပြီး မြန်မာပြည်သူတွေ အတွက်ရော ဒေသတွင်းတည်ငြိမ်တိုးတက်ကြီးပွားရေး ကိုပဲ မြင်ချင်ပါတယ်တဲ့
နောက်ဆုံးအချိန်မှ မလာတော့တဲ့ မြန်မာရဲ့ လုပ်ရပ် ကို လေ့လာသူတွေ အပြင်အာဆီယံပါ မှင်တက်ငေးမောပြီး အံ့အားသင့်သွားကြပါတယ်တဲ့ ထိပ်သီးတွေမလာသော်ငြားလည်း အားလုံးကတော့ အိမ်စောင့်အစိုးရ ရဲ့ လက်တွေ့ အောက်ခြေ အဆင့် သံတမန် လုပ်ငန်းစဉ်တွေ တည်ရှိမှု အပေါ် အသိအမှတ်ပြုကြပါတယ်တဲ့ သဘောကတော့ ဆက်စပ်အခြားအဆင့် အစည်းအဝေးတွေမှာ မြန်မာဆက်ရှိနေဖို့ လို လားတဲ့ ပုံပါ
ထုံးစံ အတိုင်း မြန်မာကတော့ လာလည်းမလာဘူး ထွက်လည်းမထွက်ဘူး ယူစွတ် ကို ဝဲလ်ကမ်း ဒါပေမဲ့ မလာနဲ့ အုံး ဆိုပြီး ထူးခြားဆန်းပြားတဲ့ ခုနှစ်ထွေ အက ကို စကလိုက်ပါပြီ
မတက်ဖူးဆိုတဲ့ မြန်မာဆုံးဖြတ်ချက်ကိုတော့ သဘောကျတယ် ဒါဟာ အာဆီယံ ချာတာ သက်တမ်းကုန်တာ ကို တရားဝင် ပြလိုက်တာဖြစ်ပြီး နောက်ဆို တရေးနိုး ဘေးနားက နိုင်ငံအရေးတွေ စာတွေထုတ် အင်တာဗျူးတွေ လုပ် သံအမတ်တွေ ဆင့် ခေါ်ပြီး တရားဝင် ဝင်စွက်ဖက်လို့ရပြီ
ွမြင်နေပါတယ် မကြာခင် အာဆီယံ လည်း ဘရီဇစ် လို လမ်းစဉ်တွေ လိုက်လာတော့မယ်ဆိုတာ ကျစ်ချည်ထားတဲ့ အမြီး တစ မီးလောင်ရင် ကျန်တာပါပြောင်တာပဲ
Nyan Win Phyo
crd
Post a Comment